part-1

7.5K 299 18
                                    

ပတ်​ချန်း​ယောလ်​~



ပတ်​ချန်း​ယောလ်​ဆိုတဲ့ သူနဲ့ကျ​တော်
စ​တွေ့တာ အလယ်​တန်းဒုတိယနှစ်​မှာ...

ကျ​တော်​သူငယ်​ချင်း ဂျူံဒယ်​က​နေ
အ​ကြောင်းပြု ပြီး ခင်​ခဲ့ကြတာ​လေ....

သူငယ်​ချင်းဆိုတဲ့ အဖြူ ​ရောင်​စည်း​လေးနဲ့​ပေါ့...........

♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡

"ဆယ်​ဟွန်း!!!!"

ကန်​တင်းမှာထိုင်​​နေတုန်း အသံပြဲကြီးနဲ့
အော်​​ခေါ်ရင်း ​ပြေးလာတဲ့ဂျူံဒယ်​...

"ကင်​ဂျူံဒယ်​ မင်းမရှက်​ဘူးလား
ဖြေး​ဖြေး​အော်​စမ်းပါ"

"အဟဲ မင်းကလည်းကွာ ငါ့အသံ
ကသိတဲ့အတိုင်းပဲကို..."

ဆယ်​ဟွန်း မျက်​​စောင်းထိုးကာ

"ဘာလို့​နောက်​ကျ​နေတာလဲ?"

"အိပ်​ယာထတာ ​နောက်​ကျသွားတာ​လေ"

"ဘာလဲ ညကစာ​တွေတအားကျက်
နေလို့လား??"

ပြုံးစစနဲ့ ရွဲ​မေးလိုက်​​တော့ ဂျူံဒယ်​က
ခေါင်းကိုဖိကိုင်​ရင်း...

"​ကျေးဇူးပြု ပြီး စာအ​ကြောင်း
မ​ပြောစမ်းပါနဲ့ ​ခေါင်းကိုက်​လို့.."

"လခွမ်းးးမှပဲ.."

"ဒီလိုကွ! တရုတ်​က ငါ့ငယ်​ သူငယ်​ချင်း​လေ
ဒီမှာ ​ကျောင်းတက်​မလို့​ အဲ့ဒါဖုန်း​ပြော​နေတာနဲ့ကြာသွားတာ..."

"ဟုတ်​လား? ဘယ်​​တော့စတက်​မှာလဲ??"

"​နောက်​တစ်​ပတ်​ထဲ"

"​ကောင်းတာ​ပေါ့ ငါတို့သူငယ်​ချင်း
အသစ်​ရတာ​ပေါ့.."

"​အေး.."

ဂျူံဒယ်​​ပြောတဲ့အတိုင်းပဲ ​နောက်​တစ်​ပတ်
တင်္နလာ​နေ့​ကျောင်းတက်​ကြ​တော့ ....

"ဆယ်​ဟွန်း! ဒါငါ့သူငယ်​ချင်း
ပတ်​ချန်း​ယောလ်​​လေ..."

ရှိသမျှသွားအကုန်​ဖြီးကာ လက်​ဆန့်​တန်း
ပေးလာတဲ့ ပတ်​ချန်း​ယောလ်​..

စည်း ~ [Completed]Where stories live. Discover now