part-13

2.1K 189 22
                                    

"သား! ​အောက်​မှာ သားချန်း​လေး​ရောက်​​နေတယ်​!!!"

မေ​မေ့ရဲ့အခန်းအပြင်​ကအသံ​ကြောင့်
စာလုပ်​​နေတဲ့ဆယ်​ဟွန်းမျက်​​မှောင်​ကျူံလိုက်​မိသည်​.....

အ​ပေါ်တက်​မလာပဲ ထူးထူးဆန်းဆန်း
အောက်​မှာဘာလုပ်​​နေတာတုန်းဒီ​ကောင်​က

စာ​မေးပွဲတွင်းမလာရဘူးလို့​ပြောထားလို့
ချန်း​ယောလ်​နဲ့သူမ​တွေ့ရတာ၃ရက်​​လောက်​ရှိပြီ

အောက်​ထပ်​ဆင်းသွား​တော့ ပြုံးဖြီးဖြီးနဲ့
ချန်း​ယောလ်​ကထိုင်​​နေသည်​...

"အ​ပေါ်တက်​မလာပဲ ဘာ​တွေအဆန်းလုပ်​ပြီးငါ့ကို​အောက်​ထပ်​လာခိုင်းတာလဲ?"

မေ​မေကမီးဖို​ချောင်​ထဲဝင်​သွားတာမို့
ချန်း​ယောလ်​ကဆယ်​ဟွန်းနားလာကပ်​ထိုင်​ကာ

"အခန်းထဲ​ရောက်​ရင်​ ငါဟွန်းကိုတစ်​ခုခု
လုပ်​ပြီးမှပြန်​နိုင်​မယ်​ထင်​လို့"

သူ့စကား​ကြောင့်​ ဆယ်​ဟွန်း
နှုတ်​ခမ်းကိုက်​ပြကာရီမိ​တော့သည်

မီးဖိုခန်းထဲ​မေ​မေရှိ​နေတာကို ဒီ​ကောင်​က​တော့

"​ပြော အခုဘာကိတ်​လဲ?"

"စာအုပ်​လာ​ပေးရင်း အလွမ်းလာ​ဖြေတာ"

".................."

"လွမ်းတယ်​ ဟွန်းရာ"

ငါလည်းမင်းနဲ့ထပ်​တူနီးပါးပါပဲချန်း​ယောလ်​ရယ်

"အပို​တွေ​ပြောမ​နေနဲ့ စာ​တွေကရပြီလား?
သဘက်​ခါ​ဆို​ဖြေရ​တော့မှာ​နော်​"

"​အေး​ဆေး အကုန်​ပိုင်​ပြီး တစ်​ခုပဲခက်​​နေတာ"

"ဘယ်​ဘာသာလဲ?? ​ပြော​လေ
ငါကူလုပ်​​ပေးမယ်​"

"ဟွန်းကိုလွမ်းတဲ့စိတ်​​လေ"

ထိုစကား​ကြောင့်​ ဆယ်​ဟွန်းမျက်​နှာ​လေး
ပန်း​ရောင်​သန်းသွားကာ ရှက်​ရှက်​နှင့်​ သူ့လက်​​မောင်းကိုထုရိုက်​လိုက်​၏...

"တကယ်​​ပြောတာ "

"စကား​တွေအရမ်းတက်​မ​နေနဲ့ သွား
ပြန်​​တော့​"

စည်း ~ [Completed]Where stories live. Discover now