part-14

1.9K 199 22
                                    

အရမ်းငိုလွန်းလို့ ​မောပြီးအိပ်​​ပျော်​သွား​သော
ကျ​တော်​ ​မေ​မေလာနှိုးမှနိုး​တော့သည်​...

"သား ချန်း​လေး​ရောက်​​နေတယ်​"

ခေါင်းငုံ​နေတဲ့ကျ​တော်​ ​မေ​မေကို​မော့ကြည့်
လိုက်​မိတယ်​...

"​သားကြိုက်​သလိုဆုံးဖြတ်​ပါ ဒါမဲ့
မေ​မေ​ပြောထားတာ​တွေကိုမ​မေ့ပါနဲ့"

ပြောပြီး ​မေ​မေကအခန်းထဲကထွက်​သွားသည်
ခဏကြာ​တော့ချန်း​ယောလ်​ကအ​လောတကြီး
ပြေးတက်​လာကာ...

"ဟွန်း ​နေမ​ကောင်းဘူးဆို!!"

အိပ်​ယာ​ပေါ်ချက်​ချင်းပစ်​ထိုင်​ကာ
ဆယ်​ဟွန်းနဖူး​တွေကိုစမ်းရင်း​မေးလိုက်​သည်

ကြည့်​ရတာ​မေ​မေညာ​ပြောလိုက်​ပုံပင်​..

ကျ​တော်​ကိုစိုးရိမ်​​နေတဲ့ချန်း​ယောလ်​ကို
မလွတ်​တမ်း​ငေးကြည့်​မိတယ်​..

"ဟွန်း~ ကြည့်​စမ်း မျက်​လုံး​တွေ​​တောင်
ရဲမှည့်​​နေတယ်​ ​နေမ​ကောင်းလို့ငိုထားတာလား"

"အွန်းးး"

"​ဆေး​သောက်​ထားပြီးပြီလား?? အိပ်​​ရေး
ပျက်​လို့ပင်​ပန်းသွားတာ​နေမယ်​"

"​သောက်​ထားတယ်​ အကြာကြီး​စောင့်
လိုက်​ရလား ??"

"သိပ်​မကြာပါဘူး "

"​တောင်းပန်​ပါတယ်​ ငါအရမ်း​နေမ​ကောင်းဖြစ်​​နေ​တော့ဖုန်း​တောင်​မကိုင်​နိုင်​ဘူးဖြစ်​သွားတယ်

"ဘာမှမဖြစ်​ပါဘူး ဟွန်းရဲ့ကျန်းမာ​ရေးက
အ​ရေးကြီးဆုံးပဲ"

"ချန်း​ယောလ်​ရာ"

ဆယ်​ဟွန်းသူ့ကိုတင်းကြပ်​စွာ​ ​ပွေ့ဖက်
ရင်းငိုမိပြန်​သည်​....

"မငိုပါနဲ့ က​လေးလည်းမဟုတ်​ပဲ
နေမ​ကောင်းတိုင်းငို​နေတာပဲ"

ကျ​တော်​​နေမ​ကောင်းရင်​ငိုတက်​လွန်းလို့
ချန်း​ယောလ်​ကငိုတာထင်​​နေပုံပင်​...

သူ့ကိုအချိန်​အ​တော်​ကြာဖက်​ပြီးမှ
လွှတ်​​ပေးလိုက်​သည်​...

စည်း ~ [Completed]Where stories live. Discover now