part-27

1.8K 227 98
                                    

"ဆယ်​ဟွန်းရှီ~"

"ခ ခဏ​လေးပါ ​ကျေးဇူးပြုပြီး
ဘာမှမ​ပြောပါနဲ့လား??"

တဆတ်​ဆတ်​တုန်​ယင်​လာတဲ့နှုတ်​ခမ်းကို
အ​သေဖိကိုက်​ကာ ​ခေါင်းထဲဘာမှစဉ်းစားမရ​အောင်ဗလာနတ္တိဖြစ်​ကုန်​ပြီ...

ဘာပြန်​​ပြောရမှန်းကို မသိ​တော့တာ...
အချိန်​အ​တော်​ကြာထိ သူမကလည်း​အောက်​မှာဒူး​ထောက်​​နေသလို ဆယ်​ဟွန်းလည်းမတ်​တပ်​ကြီး ရပ်​ကာငြိမ်​​နေမိကြ၏....

"ပြန်​ ပြန်​လိုက်​ပါ​တော့"

"ကျွန်​မ တကယ်​​တောင်းဆိုတာပါ အရမ်းခက်​ခဲ​နေလို့ပါ ​မောင်​သာကျွန်​မကိုထားသွားရင်
ကျွန်​မ​တော့............"

အသံတိုးဝင်​သွားကာငိုချလိုက်​သည့်
သူမကို ဆယ်​ဟွန်းတ​ဖြေး​​ဖြေးလှည့်​ကြည့်​မိသည်​.......

မလိမ်​​လောက်​ပါဘူး ဘယ်​မိန်းမမှ ဒီလိုအဖြစ်​ပျက်​မျိုးကိုလိမ်​မ​ပြော​လောက်​ပါဘူး ...

အရှက်​​တွေကိုမငဲ့ကွက်​ပဲ​လေ....

"ချန်း ချန်းသိပြီးပြီလား??"

"ဟင့်​အင်း ဆယ်​ဟွန်းရှီ ​မောင့်​ကိုမ​ပြောပါနဲ့​နော်​ ​မောင်​သိသွားရင်​ ကိုယ်​ဝန်​ကိုဖျက်​ချခိုင်းမှာ
ပြီး​တော့ ကျွန်​မဂျင်​ဟီးကိုလည်း မ​ပြောရ​သေးပါဘူး ဆယ်​ဟွန်းရှီအရှက်​သိက္ခာအတွက်​"

ဆယ်​ဟွန်းအသက်​ကိုခပ်​ပြင်းပြင်းရှုကာ..

"အ အချိန်​​ပေးပါ စဉ်းစားပါရ​စေ အခု​တော့ပြန်​လိုက်​ပါ​တော့ "

"ဟုတ်​ကဲ့ ​ကျေးဇူးတင်​ပါတယ်​"

မျက်​ရည်​သုတ်​ပြီး သူမထွက်​သွားမှ
ဆယ်​ဟွန်း​အားရပါးရရှိုက်​ငိုမိ​တော့သည်​..

ဘယ်​လိုဖြစ်​ပြီး ဒီလိုအဖြစ်​မျိုးက
ပေါ်လာရပြန်​တာလဲ??

အားလုံးအဆင်​​ပြေ​နေပြီဆိုမှ......

ငါဘယ်​လိုလုပ်​ရမလဲ ချန်း!

မိန်းမတစ်​​ယောက်​ကဒူး​ထောက်​​တောင်းပန်​ပြီး
သူ့ချစ်​သူနဲ့လမ်းခွဲခိုင်းတဲ့ထိကို ​စောင်​ရှက်​မရှိတဲ့
ယောက်ျားတစ်​​ယောက်​ဖြစ်​​နေပြီလား??

စည်း ~ [Completed]Where stories live. Discover now