part-10

2.3K 214 13
                                    

"ချန်း​ယောလ်​ ပြန်​လှည့်​ရ​အောင်​ကွာ"

ဆယ်​ဟွန်းသူဆွဲ​ခေါ်ရာ​နောက်​လိုက်​ရင်း
လမ်းတဝက်​​ရောက်​​တော့တားမိသည်​..

"မင်းက​ကြောက်​လို့လား??"

"မ မဟုတ်​ဘူး ငါမင်းကိုစိုးရိမ်​လို့"

"စိတ်​ချ ငါဘာမှမဖြစ်​​စေရဘူး"

လုံးဝကိုေ​ပြာလို့မရတဲ့ချန်း​ယောလ်​ပါ​လေ
အရမ်း​တွေရန်​ဖြစ်​ချင်​​နေတာနဲ့တူတယ်​..

ဘောလုံးကွင်းနား​နေ​ဆောင်​အ​နောက်​​ရောက်​​တော့ ချန်း​ယောလ်​ကသူ့လွယ်​အိတ်​ကိုဆယ်​ဟွန်းထံ​ပေးပြီး တစ်​​ယောက်​ချင်းချရန်​အလယ်​မှာရပ်​​နေလိုက်​သည်​....

လီဂီချန်းလည်းထိုနည်းတူ...

တစ်​​ယောက်​နဲ့တစ်​​ယောက်​လက်​သီး​တွေနဲ့အကြိမ်​နယ်​ထိုး​တော့ ချန်း​ယောလ်​က
လက်​စသာ​နေတယ်​..

ဂီချန်းမျက်​နှာ​သွေး​တွေပင်​ထွက်​လို့..

ဒါမဲ့ ထိုအချိန်​ဘယ်​ကထွက်​လာမှန်းမသိတဲ့ လီဂီချန်းသူငယ်​ချင်း​တွေက
ချန်း​ယောလ်​ကိုဝိုင်းဖမ်းချူ ပ်​လိုက်​ကြသည်​..

"လီဂီချန်း မင်းဒါဘာလုပ်​တာလဲ!!!"

ချန်း​ယောလ်​က​ဒေါသထွက်​စွာ​အော်​​တော့
ဂီချန်းကသူ့မျက်​နှာက​သွေး​တွေဖိသုတ်​ရင်း..

"မင်းက ​စောက်​တုံးပဲ! ငါ့ကိုယုံတာ
မင်းအမှား​လေ..."

"​ခွေးလို​ကောင်​ !! အ့!!"

ဂီချန်းသူငယ်​ချင်း​တွေကချန်း​ယောလ်​ကို
ဝိုင်းထိုးကြတယ်​.အများနဲ့တစ်​​ယောက်​ဆို​ပေမဲ့ အလစ်​ဝင်​သုတ်​ခံရ​တော့အထိနာကာဘာမှပြန်​မလုပ်​နိုင်​.....

ဆယ်​ဟွန်းလည်း လွယ်​အိတ်​နဲ့
ဂီချန်းကိုထုရိုက်​တယ်​...

"​ဘေဘီ!! နာတယ်​ကွာ"

ဆယ်​ဟွန်းက သူနဲ့ကိုယ်​လုံးသိပ်​မကွာ​ပေမဲ့
ဒင်းလက်​တစ်​ဖက်​နဲ့ဆွဲရမ်းလိုက်​တာနဲ့ဆယ်​ဟွန်းမှာ​မြေပြင်​​ပေါ်အလဲလဲအပြိုပြို....

စည်း ~ [Completed]Where stories live. Discover now