part-17

2.1K 255 50
                                    

"ငါစုံစမ်းခိုင်းထားတဲ့ ကိစ္စလုပ်​ပြီးပြီလား??"

"ဟုတ်​ကဲ့ "

"​ပြောပါအုံး"

"အိုဆယ်​ဟွန်းက သူ့အ​ဖေကုမ္ပဏီမှာ
အလုပ်​လုပ်​​နေပြီး ဒီကိုအလုပ်​ကိစ္စ​ကြောင့့်​ပြီးခဲ့တဲ့လက​ရောက်​​နေတာပါ အလုပ်​က
ပြီးသွား​ပေမဲ့ လီဂျင်ဟီးမပြန်​​သေးလို့ဒီမှာဆက်​​နေပုံပါပဲ...."

"အခုဘယ်​မှာ​နေတာလဲ လီဂျင်​ဟီးနဲ့
အတူတူ​နေတာလား??"

"မဟုတ်​ဘူး သူ​ဌေး သက်​သက်​စီပါ
သူကသူ​ဌေးဟိုတ​လောကမှဝယ်​ထားတဲ့တိုက်​ခန်းကအ​ဆောက်​ဦးမှာ​နေပါတယ်​"

"အင်း အခန်းနံပတ်​​တွေ ဖုန်းနံပတ်​​တွေ
သေချာစုံးစမ်း​ပေးအုံး"

"ဟုတ်​ကဲ့"

"သွားလို့ရပြီ"

အတွင်း​ရေးမှူးချွဲထွက်​သွားမှ ချန်း​ယောလ်​သက်​ပြင်းချလိုက်​မိသည်​..

မိမိအလုပ်​စားပွဲ​ထောင့်​မှာ​ထောင်​ထားတဲ့
မာမီနဲ့တွဲရိုက်​ထားသည့်​ဓာတ်​ပုံ​အောက်​ကဟွန်းနဲ့သူပုံ​လေး......​ကျောင်းဝတ်​စုံ​လေး​တွေနဲ့...

ဓာတ်​ပုံ​လေးကိုကြည့်​​နေရင်း အရင်​ကအ​ကြောင်း​တွေပြန်သတိရကာပြုံးမိပြန်​သည်

"မင်းကအရင်​တိုင်း​လေးပဲ ဘာမှမ​ပြောင်းလဲဘူး
အဲ့လိုပဲ ငါရင်​ခုန်​သံ​တွေကလည်း​နွေး​နေတုန်း"

.
.
.

📱"​နေရတာ အဆင်​​ပြေရဲ့လား သား"

"ဟုတ်​ကဲ့​မေ​မေ အားလုံးအဆင်​​ပြေပါတယ်​"

"အလုပ်​​တွေ​ရော အဆင်​​ပြေ​ပြေပြီးသွားရဲ့လား?? "

"​​ချော​ချော​မွေ့​မွေ့ပြီးသွားပါတယ်​"

"အင်းပါ အဲ့ဆို ဂျင်​ဟီးပြန်​လာမှ အတူတူပြန်​ခဲ့ကြ"

"ဟုတ်​ကဲ့"

"တစ်​ခုခုဆို ​မေ​မေဆီဖုန်းဆက်​​နော်​"

"ဟုတ်​"

"အဲ့ဒါဆို ဒါပဲ​လေ အိပ်​​တော့​နော်​"

"ဂွတ်​နှိုက်​ပါ ​မေ​မေ" 📱

စည်း ~ [Completed]Where stories live. Discover now