part-23

2K 228 12
                                    

"​မောင်​~ ထည့်​စား​လေ အစားနည်းလိုက်​တာ
နေမ​ကောင်းဘူးလား?"

"မဟုတ်​ပါဘူး ​ကောင်းပါတယ်
သိပ်​ဗိုက်​မဆာလို့ပါ သဲရဲ့"

ဆယ်​ဟွန်း စား​နေရင်း သူတို့​ပြောသံ​ကြောင့်
မော့ကြည့်​မိသည်​...

ချန်း​ယောလ်​နဖူးကိုလက်​နဲ့စမ်းကာ
ဂရုစိုက်​​နေတဲ့မီ​ယောင်းကိုဒီ​နေ့အ​တော်​ကြည့်​မရ​တော့ပါ​လေ...

အဲ့ဒါ​ကြောင့်​ မျက်​နှာ​လေး နည်းနည်းတင်းထားမိတယ်​ ​မောင်​ ​မောင်​နဲ့တ​မောင်​ထဲ​မောင်​​နေတာနားကြားပြင်းကပ်​လာပြီး...

ချန်း​ယောလ်​ကလည်း တသဲထဲသဲ​နေတာ

"​အော်​ ကျမတို့ရှိုးပွဲရက်​ကိုသတ်​မှတ်​လိုက်​ပြီ"

"ဘယ်​​နေ့လဲ ဂျင်​ဟီးရှီ"

"လာမဲ့စ​နေ​နေ့ ည​နေပိုင်း"

"အိုးးး ဂုဏ်​ယူပါတယ်​ဗျာ"

"​ကျေးဇူးပဲ ချန်း​ယောလ်​ရှီ"

ချန်း​ယောလ်​ပြုံးရင်း ဆယ်​ဟွန်းဘက်​ကြည့်​မိ​တော့ဘာမှမ​ပြောပဲ အစားသာငုံစား​နေတာမို့
စားပွဲ​အောက်​က​နေ​ခြေ​ထောက်​​လေးကိုမသိမသာထိလိုက်​သည်​...

တစ်​ချက်​​မော့ကြည့်​လာပြီး ပြန်​ငုံသွားတယ်
ဘာလဲ စိတ်​​ကောက်​​နေတာလား??

ဘာ​ကြောင့်​စိတ်​​ကောက်​မှန်းမသိ​ပေမဲ့
အခုသူ့ပုံစံ​လေးကချစ်​စရာ​လေးမို့ ချန်း​ယောလ်​ရီလိုက်​မိသည်​.....

"ဟွန်း မ​နေ့ညကဘယ်​သွား​နေတာလဲ
ကျမ ဟွန်းတိုက်​ခန်းဆီ​ရောက်​​သေးတယ်​"

"အဟွတ်​ ဟွတ်​~"

ဂျင်​ဟီးအ​မေး​ကြောင့်​ ရုတ်​တရက်​ဆယ်​ဟွန်းလန့်​သွားကာထမင်းသီးပါ​လေ​ရော...

လန့်​မှာ​ပေါ့ မ​နေ့ညကချန်း​ယောလ်​တိုက်​ခန်းမှာ
အိပ်​တာကို .........

"​အော်​ ​ဖြေး​ဖြေးစား​လေ ဆယ်​ဟွန်းရဲ့"

ဆယ်​ဟွန်းသီး​တော့ ချန်း​ယောလ်​ကပြာပြာသလဲထကာ ​ရေတိုက်​ပြီး
ကျော​လေးကိုခပ်​ဖွဖွပုတ်​​ပေးလာ၏...

စည်း ~ [Completed]Where stories live. Discover now