part-24

2.1K 243 49
                                    

"မာမီ ဒါဘယ်​သူလည်းကြည့်​ပါအုံး"

မာမီကမျက်​မှန်​ပင့်​တင်​ပြီး ဆယ်​ဟွန်းကို
သေချာစူးစိုက်​ကြည့်​​နေရင်း...

"မာမီသူ့ကိုမြင်​ဖူးပါတယ်
ဘယ်​သူလဲကွဲ့"

"အားး အန်​တီကမမှတ်​မိဘူးဆိုလို့
ဝမ်းနည်းသွားပါပြီ​နော်​"

ဆယ်​ဟွန်းငိုငိုမဲ့မဲ့​လေးလုပ်​ကာစ​တော့
ချန်း​ယောလ်​ကပဲရီ​မောရင်း...

"အိုဆယ်​ဟွန်း​လေ မာမီ ဟွန်း​လေး"

"အယ်​ ဟွန်း​လေး! ကြည့်​စမ်း မ​တွေ့တာကြာ​တော့ ရုပ်​က​ပြောင်းသွားပြီးအန်​တီမမှတ်​မိတာပါ...."

"ပို​ချောလာတယ်​မလား??"

"ဟုတ်​ပ လာပါအုံး ဒီကို"

လက်​နှစ်​ဖက်​ဆန့်​တန်း​ပေးတဲ့ အန်​တီဆီ
အ​ပြေးသွားကာ ပါးနှစ်ဖက်​ကိုနမ်းရှိုက်​လိုက်​၏

"သတိရ​နေတာ အန်​တီ ​နေ​ကောင်းတယ်​မလား

"​ကောင်းပါတယ်​ သားရယ်​~ သားမိဘ​တွေ​ရော
နေ​ကောင်းကြရဲ့လား ရုတ်​တရက်​ကြီး​ပြောင်းသွားပြီး ဒီကိုပြန်​မလာကြ​တော့ဘူး​နော်​.."

"​ကောင်းပါတယ်​ အန်​တီ အလုပ်​​တွေရှုပ်​​နေလို့မလာဖြစ်​တာ ဦး​လေးသတင်းက​တော့
ချန်း​ယောလ်​ဆီကကြားပြီးလို့ စိတ်​မ​ကောင်း
ဖြစ်​​နေတာ..."

"ခွဲခွာရမဲ့အချိန်​တန်​သွားလို့ပါ သားရယ်​"

"ဟုတ်​တာ​ပေါ့"

"ဒါနဲ့ သား ​တစ်​​နေ့လုံး​နေပြီးမှပြန်​ရမယ်​​နော်​"

"စိတ်​ချမာမီ သားလည်းတစ်​​နေ့လုံး
ခေါ်ထားမှာ"

"​အေး ​အေး ​ကောင်းတယ်​"

အတိုက်​​ဖောက်​ညီ​နေတာမို့ သုံး​ယောက်​သားရီလိုက်​မိကြသည်​..

"အဲ့ဆို သားဆယ်​ဟွန်းကိုအ​ပေါ်ထပ်​လိုက်​ပြအုံးမယ်​​နော်​"

"​အေး ​အေး ဟွန်း​လေးကို​နေ့လယ်​စာ​ကျွေးဖို့
မာမီကိုယ်​တိုင်​မီးဖို​ချောင်​ဝင်​လိုက်​အုံးမယ်​"

စည်း ~ [Completed]Where stories live. Discover now