part-5

3.1K 233 28
                                    

ပတ်​ချန်း​ယောလ်​ရဲ့ ​ကောင်းမူနဲ့
ကျ​တော်​အိုဆယ်​ဟွန်း ၃ရက်​တိတိ
အပျင်းဖျားခဲ့ပြီ​လေ.......

မေ​မေက​တော့ သာမန်​ဖျားတာမှတ်​ပြီး
ဂရုစိုက်​တာမှဖူးဖူးမှုတ်​လို့...

အ​ကြောင်းများသိရင်​ ပါးကို ဘယ်​ပြန်​ညာပြန်
ဖူး​ယောင်​​နေ​အောင်​ချမှာမြင်​​ယောင်​​သေးတယ်

ချန်း​ယောလ်​ကလည်း သူပ​ယောဂမကင်းတာသိ​တော့ ​ကျောင်းစာ​တွေကူး​ပေးကာ ည​နေတိုင်း
ကျ​တော်​ကိုလာပြုစု​ပေးသည်​...

"ဆယ်​ဟွန်း ဟိုခြင်းထဲကအ​ပေ​တွေလား??"

ကျ​တော်​အတွင်းခံ​အ​ပေ​တွေစုထည့်​ထားတဲ့
ခြင်း​လေးကိုလက်​ညှိုးထိုးပြပြီး​မေး​တော့..

"အင်း ဘာ ဘာလို့လဲ??"

"ငါ​လျှော်​​ပေးမယ်​​လေ.."

"အာ~ ဟင့်​အင်း မလုပ်​နဲ့ ငါ​နေ​ကောင်း
နေပါပြီ ငါ့ဘာသာငါ​လျှော်​လိုက်​မယ်​"

မေ​မေကို​လျှော်​ခိုင်းရမှာ အားနာလို့ ​နေ​ကောင်းမှ ​လျှော်​ရန်​ အတွင်းခံအ​ပေ​တွေစုထားခြင်းဖြစ်​သည်​...

"မင်းကလည်း အားနာစရာမလိုပါဘူး
သူငယ်​ချင်း​တွေပဲ​လေ"

"မဟုတ်​ဘူး ချန်း​ယောလ်​ မလုပ်​~

ကုတင်​​ပေါ်ထိုင်​​နေတဲ့ ကျ​တော်​အ​ပြော​နောက်​ကျသွားသည်​ ချန်း​ယောလ်​ကထိုခြင်းယူကာ
ရေချိုးခန်းထဲဝင်​သွားပြီ...

"ကျစ်​! ရှက်​ဖို့​ကောင်းလိုက်​တာ"

ဆယ်​ဟွန်း လက်​နှစ်​ဖက်ဖြင့်​ ပါးကို အုပ်
ထားမိ​တော့တယ်​...

ချန်း​ယောလ်​က​လေ ဇွတ်​ပဲ......

"အဲ့ဆို ချန်း​ယောလ်​​လေးက ခဏ​စောင့်
ပေး​နော်​ "

"ရပါတယ်​ အန်​တီရဲ့ ​အေး​ဆေးသွား"

"​အေးပါ.အပြန်​မုန့်​ဝယ်​ခဲ့မယ်​"

"ဟုတ်​ကဲ့ ​အေး​ဆေးသွားပါခင်​ဗျာ"

ဆယ်​ဟွန်း​မေ​မေအပြင်​သွားမှာမလို့
ချန်း​ယောလ်​ကိုအိမ်​​ခေါ်ပြီး သူ့သားနား​စောင့်
ခိုင်း​လေသည်​...

စည်း ~ [Completed]Where stories live. Discover now