part-26

1.9K 233 90
                                    

တိတ်​ဆိတ်​ငြိမ်​သက်​​နေ​သော အခန်းငယ်​အတွင်း ​မီ​ယောင်း ဂျင်​ဟီးနှင့်​ ဂီချန်းတို့ထိုင်​ကြ​နေ၏....

"နင်​တို့ ဘယ်​လိုလုပ်​ကြမှာလဲ?"

ဂီချန်းက​ သူတို့နှစ်​​ယောက်​ကို​မေးလိုက်​သည်

"ငါက​တော့ ​မောင့်​ကို လက်​မလွှတ်​နိုင်​ဘူး"

္မီ​မီ​ယောင်းရဲ့ ​ဆုံးဖြတ်​ချက်​က ဂီချန်းကို
ပြုံးမိသွား​စေသည်​.....

"ငါရဲ့ အချစ်​​တွေ​ရော အရှက်​သိက္ခာ​တွေ​ရောပါ​မောင့်​​ပေါ်ကိုပုံအပ်​ပြီးချစ်​လာခဲ့ရတာ.."

"ဂျင်​ဟီး နင်​က​ရော~"

ဂျင်​ဟီး တချက်​ရှိုက်​လိုက်​ကာ မျက်​ရည်​​တွေ
သုတ်​လိုက်​ရင်း...

"ငါလည်းအတူတူပဲ အိုဆယ်​ဟွန်းကိုသိပ်​ချစ်​လွန်းလို့​တော့မဟုတ်​ဘူး ငါ့မိဘ​တွေ အရှက်​ရ​စေမဲ့ကိစ္စမဖြစ်​​စေချင်​လို့..."

အရှက်​သိက္ခာကိုအလွန်​တရာ​ရှေ့တန်းတင်​လှ​သောဂျင်​ဟီးမိဘ​တွေက သူ့သမီးမင်္ဂလာပွဲကို
အမျိုး​တွေကြားသတင်းလွှင့်​ထားပြီးသား

မင်္ဂလာပွဲသာမဖြစ်​​မြှောက်​ကြည့်​ပါလား?
နေရာတင်​တက်​​သေသွားမည်​လူမျူ.ိးများဖြစ်​သည်​ ရှက်​လွန်းလို့​လေ.....

"​ကောင်းပြီ အဲ့ဆို ငါမှာအကြံတစ်​ခု
တော့ရှိတယ်​ "

"​မောင်​စိတ်​နာမဲ့ လုပ်​ရပ်​မျိုး​တော့
ငါမလုပ်​နိုင်​ဘူး​နော်​"

"ငါ​ရောပဲ ရှက်​စရာ​ကောင်းမဲ့
အဖြစ်​​တော့မလုပ်​နိုင်​ဘူး"

"ငါအကြံရဲ့အဓိက မီ​ယောင်း နင်​ပဲ!"

သူမတို့နှစ်​​ယောက်​သား​တွေ​ဝေသွားကြတယ်
ဂီချန်းကသူ့အနားလာရန်​လက်​ယပ်​​ခေါ်ပြီး
အသံတိုးတိုးဖြင့်​ သူ့အကြံကို​ပြောပြတယ်​...

"ဖြစ်​ ဖြစ်​ပါ့မလား ​မောင်​သာသိသွားရင်
ငါ့ကိုမုန်းသွားမှာ"

"မသိ​အောင်​လုပ်​ရင်​ဖြစ်​တာပဲ ​အေး
မဟုတ်​ရင်​​တော့နင်​တို့လက်​လွှတ်​လိုက်​ကြ​ပေါ့
သူ့တို့နှစ်​​ယောက်​က​တော့ လမ်းခွဲကြလိမ့်​မယ်​ထင်​မ​နေနဲ့ ........"

စည်း ~ [Completed]Where stories live. Discover now