final~

4.4K 341 136
                                    

"​ချန်း~ အဟင့်​ ချန်း!!!"

"သား သား သတိထားအုံး​လေ"

မေ​မေလှုပ်​နှိုးလိုက်​မှ ဆယ်​ဟွန်းလန့်​နိုး
သွားသည်​....

"​မေ​မေ~ သား သား ဘာဖြစ်​သွားတာလဲ?"

"ချန်း​လေးနဲ့​တွေ့ပြီးပြန်​လာကတည်းက
သား​လေးဖျား​နေတာ​လေ"

အဲ့ကျမှဆယ်​ဟွန်း ခပ်​မြန်​မြန်​ထထိုင်​ကာ

"​မေ​မေ သူ သူ​ရော ​ဒေါသတကြီး
ကား​မောင်းထွက်​သွားတယ်​ သားစိတ်​ပူတယ်​"

မေ​မေကဆယ်​ဟွန်းဆံပင်​​တွေက
ိုပွတ်​သတ်​​ပေးရင်း...

"သားချန်း​လေးဘာမှမဖြစ်​ပါဘူး
အခုမီ​ယောင်းတို့အိမ်​မှာ"

"​တော်​ ​တော်​​သေးတာ​ပေါ့"

"သူများကိုစိတ်​ပူမ​နေနဲ့ မနက်​ဖြန်​ကမင်္ဂလာ​ဆောင်​ သားအခုထိအဖျား​မ​ပျောက်​​သေးဘူး"

"သား သက်​သာပါပြီ"

"မနက်​ဖြန်​မှာသားကအ​ချောဆုံးဖြစ်​​နေရမှာ
အခုပြည့်​ပြည့်​ဝဝနားလိုက်​ ဘာမှ​မ​တွေးနဲ့
အားလုံးအဆုံးသတ်​ပြီးပြီ​လေ..."

ခေါင်းငြိမ့်​ပြလိုက်​သည်​ ​မေ​မေက ဆယ်​ဟွန်းပါး​လေးကိုနမ်းကာအခန်းအပြင်​ထွက်​သွား​လေသည်​.....

ဆယ်​ဟွန်း ကုတင်​​ပေါ်ပြန်​လှဲရင်း
မ​နေ့ကချန်း​ယောလ်​​ပြောခဲ့တဲ့စကား​တွေကို.ပြန်​ကြားကာ ငို​​နေမိ၏...

တီ....တီ....တီ...

ဖုန်းလာလို့ယူကြည့်​မိ​တော့ ကင်​မီ​ယောင်း
ချက်​ချင်းကိုင်​လိုက်​သည်​...

📱"ဟဲလို မီ​ယောင်းရှီ ချန်း​ရော~"

"သူအိပ်​​နေတယ်​ မ​နေ့ကဘားမှာအရမ်း​သောင်းကျန်း​နေလို့ ကျွန်​မ​သေချာပြန်​​ခေါ်လာရတယ်​"

တကယ်​ဆို မ​နေ့က မီ​ယောင်း
ဘောလုံးနား​နေ​ဆောင်​အပြင်​ကကား​ပေါ်ရှိသည်​....

သူတို့အဖြစ်​ပျက်​အားလုံးကိုမြင်​တယ်
ကား​မောင်းထွက်​သွားတဲ့​မောင်​​နောက်​ကိုလည်းစိတ်​ပူလို့်တိတ်​တဆိတ်​လိုက်​ခဲ့မိတယ်​...

စည်း ~ [Completed]Where stories live. Discover now