Chapter - 4

4K 623 24
                                    

(Zawgyi Version)

တစ်ရက်မှာ ၂၄နာရီ၊ မိနစ်ပေါင်း ၁၄၄၀၊ စက္ကန့်ပေါင်း ၁၈၄၀၀တို့ဖြင့် အချိန်သည် တရွေ့ရွေ့လည်ပတ်နေသော်လည်း ဂျီမင်း၏နေ့ရက်များတွင်တော့ မျက်လုံးထဲမှ မထွက်သော မြင်ကွင်းဆိုးကြီးဖြင့်သာ ပြည့်နှက်နေသည်။ သူသည်ထိုကိစ္စ၏တရားခံအား မရမကဖမ်း၍ အဘယ့်ကြောင့် ထိုသို့အမှုကိစ္စအားပြုရပါသနည်း။ အဘယ့်ကြောင့် အပြစ်မရှိသော မိမိ၏မိခင်အား သတ်ရပါသနည်း၊ သို့လော သို့လော မေးခွန်းများအား အဖြေမှန်ရသည်အထိ မနားတမ်းမေးယူချင်ပါသည်။ မိခင်အတွက် လက်တုန့်ပြန်ချင်ပါသည်။ မိခင်၏ နဖူးတွင် ထုတ်ချင်းပေါက်သွားသော သေနတ်ရာကို တွေးမိတိုင်း မိမိကိုယ်တိုင် လူသတ်နေမိသည်ကြောင့် လက်လည်း အတော်ပင်သွေးစွန်းနေပြီဖြစ်သည်။ ယခုလည်း ဂျန်ဟိုဆော့အား ရှာပုံတော်လွှတ်လိုက်သော လူများသည် ၂ပတ်ကြာသည်အထိ မည်သည့်သတင်းအစအနမှမရပဲ လက်ဗလာနှင့် ပြန်လာသောကြောင့် နဖူးထိပ်ပြောင်းဝတည်ကာ ပန်းရောင်သေနတ်ငယ်၏ မောင်းတံအား ဆွဲနေမိပြန်သည်။

" ကျစ်.. မင်းတို့အသုံးမကျလို့ ငါလူသတ်နေရတာ... "

ငိုယိုကာ ခယကာ အင်္ကျီစကို ဆွဲ၍ တောင်းပန်နေသော လူငယ်တို့မှာ ကြောက်ရွံမှုက အထင်းသား။ ဖြိုးဖြိုးဖြိုင်ကျနေသော မျက်ရည်တို့ကိုလည်း မသုတ်မိ။ လက်နှစ်ဖက်ကအနောက်ကို ပစ်ထားရသည်မို့ အနည်းငယ်လှုပ်မိလျှင်ပင် အများသူထက်စော၍ နတ်ပြည်ရောက်သွားနိုင်သည်။

" ငါ့နှလုံးသားက သိပ်နူးညံ့တော့လေ
ငါလည်း အဲ့လိုမလုပ်ချင်ပါဘူး.. ဒါပေမယ့် မင်းတို့က အမိန့်ကို သေချာမလိုက်နာတော့ ငါကအပြစ်ပေးမိတာလေနော် "

လူငယ်တစ်ဦးက ဂျီမင်း၏ ခပ်ဖျော့ဖျော့ ပန်းနုရောင်ရှပ်အင်္ကျီကို လှမ်းဆွဲ၍

" အစ်ကိုလေး.. ကျွန်တော်တောင်းပန်ပါတယ်..
ကျွန်တော့်မှာ မိသားစုရှိသေးလို့ပါ.. နောက်တစ်ကြိမ်ဆို ကျိန်းသေ တွေ့အောင်ရှာခဲ့ပါ့မယ်.. ကျွန်တော်တို့ကို နောက်ဆုံးအနေနဲ့ ခွင့်လွတ်ပေးပါနော်.. "

" ဖယ်စမ်း...! "

မိမိအင်္ကျီအားဆွဲကိုင်ထားသော ထိုလူ့ကို တွန်းဖယ်လိုက်ကာ အင်္ကျီအားသပ်ချရင်း မသတီအကြည့်ဖြင့် တစ်ချက်ကြည့်လိုက်ပြီး အော်ငေါက်လိုက်မိသည်။ ထိုနောက် နဖူးထိပ်အား ထုတ်ချင်းသေနတ်ရာကိုနှိပ်ကပ်လိုက်လေသည်။ ကျန်သူများမှာလည်း လှုပ်ပင်မလှုပ်ရဲတော့ ။

Kitty Gang ||myg:pjm|| [Completed]Where stories live. Discover now