Chapter - 11

3.2K 519 28
                                    

(Zawgyi version)

ဈေးထဲတွင် မနက်စောစောအချိန်ဖြစ်နေသည်မို့ ဈေးဝယ်သူ၊ ဈေးရောင်းသူတို့ မနည်းလှသောကြောင့် လူများဟိုဟိုသည်သည်ဖြင့် ပြည့်နေလျက်ရှိသည်။ ယွန်းဂီသည် ထိုစက်ဘီးငယ်အား စီးရန်လိုအပ်သည်မို့ ယူလာရသော်လည်း စိတ်ကမဖြောင့်။ ဈေးထဲတွင် အသားငါးအညှီနံ့များအပြင် ဟင်းသီးဟင်းရွက်များ၏ အနံ့အသက်တွေလည်း များလှသောကြောင့် ဈေးအတူလိုက်ရန်ပြောသော ဂျီမင်းကို အိမ်မှာသာထားခဲ့ရသည်။
တောရွာဈေးဖြစ်သည်မို့ ဆိုးလ်မှာထက် ပိုဆိုးသည့်အတွက်ကြောင့်လည်း ပါသည်။ ထိုကြောင့် ဂျီမင်းကိုယ်တိုင်လိုလိုလားလားဖြင့် ပစ္စည်းတင်ရန် စက်ဘီးယူသွားခိုင်းသောကြောင့် ယူလာရခြင်းသာ။ သို့သော် ပေကျံကုန်မှာစိုးရိမ်သည့်စိတ်ကြောင့် သေချာမစီးရဲဘဲ တမမဖြင့်သာ ဈေးပတ်နေရပြန်သည်။

" အဒေါ်... ဒါတစည်းပေးပါ.."

ဟင်းသီးဟင်းရွက်အပုံများကြားထဲတွင် အစည်းလိုက် စည်းထားသည့် စိမ်းစိုနေသောအရွက်များအနက် တစ်စည်းကို လက်ညိုးထိုးဝယ်ယူပြီး စက်ဘီးခြင်းထဲ ကောက်ထည့်ကာ ဝယ်ယူလာလိုက်သည်။ ထို့နောက် ခြင်းထဲပြန်ကြည့်တော့ ဝယ်ယူလာသည်မှာ အတော်စုံလင်သွားပြီမို့ အိမ်ပြန်ရန် ဦးတည်လိုက်ပြီးမှ ဂျီမင်းအတွက် နွားနို့ဝယ်ပေးရန် သတိရသည်။

" သူ့ကြည့်ရတာ ပျော့တိပျော့ဖတ်နဲ့..
အားရှိအောင် နွားနို့တိုက်မှရမယ်.. "

စက်ဘီးကို ချက်ချင်းပြန်လှည့်ကာ ဈေးထဲသို့ ပြန်ဝင်ရပြန်သည်။ ဒယ်ဂုဆိုပေမယ့်လည်း ယွန်းဂီတို့နေသည့်အရပ်မှာ မြို့ပိုင်းမဟုတ်သည့်အတွက် အနီးအနားတွင် storeအသေးလေးတွေ မရှိသောကြောင့်  အထုပ်ငယ်ဖြင့်ထုပ်ထားသော ခြံထွက်နွားနို့စစ်စစ်ကိုသာဝယ်ယူပြီး အိမ်သို့ပြန်ရန်စက်ဘီးကွေ့လိုက်စဉ်မှာပဲ
ဘေးကနေ တစ်ယောက်နဲ့တစ်ယောက်
အပြန်အလှန်ပြောနေသော မိန်းမသုံးဦး၏ စကားသံကြောင့် ငြိမ်ငြိမ်လေးရပ်ကာ နားစွင့်နေမိသည်။

*အာ့ဆို အဲ့သူဌေးကြီးက ထောင်ကျမှာပေါ့?*

*မသိပါဘူးဟယ်... သူတို့က ချမ်းသာတယ်လေ.. ငွေနဲ့ပိတ်ထားရင်တော့ ဘယ်ထောင်ကျမလဲ*

Kitty Gang ||myg:pjm|| [Completed]Where stories live. Discover now