Chapter - 6

3.5K 573 35
                                    

(Zawgyi version)

ဂျီမင်းသည် ဧည့်ခန်းအား ဟိုဘက်လျှောက်လိုက် ဒီဘက်လျှောက်လိုက်ခြင်းအမှုကို အကြိမ်ကြိမ် လုပ်နေခြင်းဖြင့် အပူမီးသောကများနေလေသည်။
ယခုရောက်နေသောအိမ်သည် တစ်ခြားနေရာထက်စာရင် လုံခြုံကောင်း လုံခြုံနိုင်သည်မို့ စိတ်ချလက်ချနေနိုင်သော်လည်း သခင်ကြီး၏ အကြံအစည်ကို သေချာမသိသေးသည်မို့ တွေးပူနေရပြန်သည်။
ခနနေနမ်ဂျွန်းပြန်လာရင် မေးရမည်ဟု တွေးလိုက်ရင်း သူသည် ယွန်းဂီထံ လှည့်လိုက်သည်။ ယွန်းဂီသည် လက်ထဲက ဖုန်းတကြည့်ကြည့်ဖြင့်သာ။ သူယွန်းဂီအား အိမ်မှထွက်ပြေးသည့်နေ့ကမှ ယွန်းဂီ၏ဖုန်းအား ပြန်လည်ပေးအပ်ခဲ့ပြီးပြီဖြစ်သည်။ မည်သို့ပင်ဖြစ်စေ မနေ့ကအခြေအနေနဲ့ဆိုရင် ယွန်းဂီအနေဖြင့် ထွက်ပြေးလျှင် လွတ်ကောင်းလွတ်နိုင်သည်။ သို့တိုင် ယွန်းဂီသည် သူပြောခဲ့သည့်အတိုင်း အနောက်ဘက်တံခါးမှဆင်း၍ အသေအချာပုန်းနေခဲ့ပါသည်။ ထိုကြောင့် စိတ်ထဲဝယ် ယုံကြည့်ရလောက်ပါသည်ဟု သတ်မှတ်ကာ ယွန်းဂီကိုဖမ်းမိသည့်နေ့က တွေ့ခဲ့သော ဖုန်းကို ပြန်လည်ပေးအပ်ခဲ့ပါတည့်။ အကယ်၍များ ဂျန်ဟိုဆော့ဘက်က ဖုန်းဆက်ခဲ့သည်ရှိသော် ထိုသို့ပြုခဲ့ခြင်းက အကျိုးရှိလောက်သည်ဟုလည်း ဂျီမင်းဘာသာ တွေးမိလေသည်။

" ဒီနေရာကိုတော့ မင်းအဖေ လာမရှာလောက်ဘူးဆိုတာ သေချာလား "

"မသိဘူးလေ ထင်တာပဲ.. "

ဂျီမင်းသည် မျက်မှောင်ကြုံကာမေးနေသော ယွန်းဂီကိုကြည့်၍ ဖြေလိုက်သည်။ သို့တိုင် အချိုးမပြေလှသောအဖြေကြောင့် ယွန်းဂီ၏ နားထင်ကြောများမှာ ထင်းခနဲ။

" ခင်များကလည်းဗျာ.. မယုံသလိုနဲ့..
ဒီအိမ်က ဘာမှမဖြစ်ဘူး.. ကျွန်တော့်ကို ငယ်ငယ်တည်းက ထိန်းကျောင်းပေးတဲ့ အစ်ကိုတစ်ယောက်ရဲ့အိမ် ခနနေရင် သူပြန်လာလိမ့်.. ဟော လာပြီထင်တယ်.. "

ဂျီမင်း၏ စကားပင်မဆုံးသေး၊ အိမ်တံခါးရှေ့မှ လျို့ဝှက်နံပါတ်ရိုက်နှိပ်သံ ထွက်လာသောကြောင့် ပြန်လာပြီမှန်း တန်းသိလိုက်သည်။

" ဂျွန်း.... ဘာထူးသေးလဲ ! "

နမ်ဂျွန်းသည် မိမိအိမ်သို့ ရောက်နေသော လူ၂ယောက်ကို ကြည့်၍ အံအားသင့်သွားလေသည်။

Kitty Gang ||myg:pjm|| [Completed]Where stories live. Discover now