Chapter - 10

3.3K 542 50
                                    

(Zawgyi version)

" ဒါဆို အစ်ကိုလေးနဲ့ သူက ညီအစ်ကိုအရင်းတွေပေါ့? ဟုတ်လား!! "

ကုတင်ပေါ်တွင် နောက်ကျောခေါင်းအုံးခု၍ လှဲထိုင်နေသော ဟိုဆော့ကို လက်ညိုးထိုးရင်း မေးတော့ နမ်ဂျွန်းသည်ပြုံးရင်း  ခေါင်းငြိမ့်ပြလိုက်သည်။ ဆိုးလ်ကို ပြန်ရောက်သည့်နေ့တွင် သေနတ်ဒဏ်ရာနဲ့ ဟိုဆော့ကို ဆေးရုံဆေးခန်းပြရန် အဆင်မပြေသောကြောင့် မိမိအိမ်ကိုပင် ခေါ်လာကာ အမြွှာနှစ်ယောက်၏ အကူအညီဖြင့်သာ ကုသစေသည်။ ဂွန်းလေးက စပ်စုသူပီပီ ရုတ်တရက်ပြန်ပေါ်လာသော ဟိုဆော့အကြောင်း မေးမြန်းခန်းစတင်ရာမှ နမ်ဂျွန်းက သေချာရှင်းပြတော့ နှသ်ယောက်သား မျက်လုံးပြူးမျက်ဆံပြူးဖြင့် အံဩဘနန်းဖြစ်နေလျက်ပင်။ အဆင်ပြေသည်မှာ အရင်တည်းက အချင်းချင်းသိပြီးသားလူတွေမို့ ထွေထွေထူးထူး မိတ်ဆက်ရန်မလိုပေ။

" ကံကြမ္မာများ ဆန်းကြယ်လိုက်တာ.. "

ဖွန်းလေးက တွေးတွေးဆဆဖြင့်ပြောတော့
နမ်ဂျွန်းရော ဟိုဆော့ပါ ရယ်လိုက်သည်။

" မင်းတို့နှစ်ယောက်ကလေ ငယ်ငယ်ကအတိုင်းပဲ..."

ဟိုဆော့ကပြောတော့ ဂွန်းလေးကရယ်ကျဲကျဲဖြင့်

" ဟီးး.. ကျွန်တော်တို့က ဟျောင်းကိုမုန်းနေတာ အစ်ကိုလေးရဲ့ရန်သူဆိုပြီး.. အခုကျတော့လည်း အကိုကြီးပီသလိုက်တာ.. ကျွန်တော်ရဲ့ သုံးစားမရတဲ့အစ်ကိုနဲ့ ကွာပ..။ "

ဖွန်းလေးသည် ထိုစကားကြားသည်နှင့် မျက်မှောင်ကိုကြုံကာ ချက်ချင်းပင် ဂွန်းလေး၏ဇာတ်ပိုးအား ဖြန်းခနဲ ရိုက်ချလိုက်သည်။ ငါးမိနစ်သာခြားသော အမြွှာညီအစ်ကိုဖြစ်သော်လည်း ဂွန်းလေးသည် အငယ်ပီပီ တစ်ခါတရံ ကလေးဆန်တက်ပြီး ဖွန်းလေးကတော့ အမြဲတည်ငြိမ်မြဲပင်။  နမ်ဂျွန်းသည် ထိုသူတို့အား သဘောတကျ ငေးကြည့်နေရင်းမှ နာရီကိုငုံ့ကြည့်လိုက်ပြီး...

" ငါသွားတော့မယ်.. ခနနေရင် ရုံးဆင်းချိန်ရောက်တော့မှာဆိုတော့ သူဌေးကြီးနားမှာရှိနေမှဖြစ်မယ်..
မဟုတ်ရင် ငါ့ကိုသံသယဝင်လာပြီး မင်းတို့အတွက်ကူညီဖို့ အခက်အခဲဖြစ်လာမှာစိုးလို့.. မင်းတစ်ယောက်တည်း အဆင်ပြေမယ်မလား "

Kitty Gang ||myg:pjm|| [Completed]Where stories live. Discover now