Chapter - 8

3.3K 539 66
                                    

(Zawgyi version)

အိမ်ရှေ့ခန်းဆီမှ ကျယ်ကျယ်လောင်လောင်အသံများနှင့်  ရယ်မောသံများကြောင့် ယွန်းဂီသည် ဆံပင်ကိုထိုးဖွရင်း အိပ်နေရာမှ ငေါက်ခနဲထထိုင်လိုက်သည်။ နေ့ခင်းနေ့လည်အိပ်ချိန်တိုင်း ဒါမျိုးဖြစ်နေသည်မှာ တစ်ပတ်လောက်ရှိနေပြီမို့ ရိုးနေပြီဖြစ်သော်ငြားလည်း အတော်ပင် စိတ်ရှုပ်ရသည်။ အကြောင်းမှာ ရွာကအဖွားအိမ်သို့ရောက်ပြီး တစ်ပတ်အကြာတွင် ဂျီမင်းသည် အပျင်းပြေစေရန် ဂွန်းလေးနှင့် ဖွန်းလေးကို လှမ်းခေါ်ကာ Unoဆော့ခြင်း၊ TV gameဆော့ခြင်းနှင့် အခြားအခြားသော ဆော့နည်းပေါင်းစုံတို့ဖြင့် တမနက်လုံး အချိန်ဖြုန်းလေ့ရှိသည်။ ညနေပိုင်းတွင် လူငယ်နှစ်ဦးပြန်သွားပြီးနောက်မှာလည်း ထိုလူငယ်နှစ်ဦး တကူးတကယူလာပေးသော  TVကို အကျယ်ကြီးဖွင့်၍ Dramaများ ကြည့်တက်ပြန်သည်။ အခုလည်း ဟာသကားကြည့်၍ အသံကျယ်စွာ ရယ်မောနေခြင်းပင်။ ရွာဆိုပေမယ့် အရမ်းဝေးလံခေါင်ခိုက်သည်တော့မဟုတ်။ လမ်းပန်းဆက်သွယ်ရေး အနည်းငယ် ထောက်သည်ကလွဲ၍ ရေ၊မီးအစုံရရှိသည်မို့ အဆင်ပြေလှသည်။
သို့သော် အဆင်မပြေသည်မှာ ယွန်းဂီပင်။ တစ်နေ့တစ်နေ့ စိတ်ရှုပ်မှုအသွယ်သွယ်တို့ဖြင့် ကြုံနေမိရာ သူသည် ယနေ့တွင်တော့ သည်းမခံနိုင်တော့ပဲ ခြေကိုဒုန်းစိုင်းမြည်အောင် ပြုရင်း ဘေးတွန်းတံခါးတပ်ထားသည့် အခန်းငယ်ထဲမှ ထွက်လာသည်။

" မင်းတို့ကောင်တွေ မတော်ကြသေးလား
အခုရောက်နေတာ ငါ့အိမ်နော်.. ဖြစ်ချင်တိုင်းကိုဖြစ်နေတော့တာပဲ.. "

ယွန်းဂီသည် အတည်စိတ်ဆိုးနေခြင်းပင်။ သို့သော် ဂျီမင်းသည် ပါးစပ်ထဲကိုက်လက်စ ပန်းသီးစိတ်ကို တမြုံမြုံဝါးယူကာ မြိုချလိုက်ပြီးနောက် ဂွန်းလေးတို့ဘက်ကိုလှည့်ကာ

" တွေ့လား.. မင်းတို့ကိုပြောသားပဲ.. ဒီလူအိပ်နေတဲ့အချိန်ဆိုရင် အကျယ်ကြီးမရယ်ပါနဲ့ဆိုနေမှပဲ "

ဟိုနှစ်ကောင်မှာအကြောင်သား။ အမှန်စင်စစ်မှာ ကျယ်လောင်စွာ ရယ်မောနေသူသည် ဂျီမင်းကိုယ်တိုင်ပါပင်။ တစ်ခါတရံ ရယ်နေရင်း အိမ်၏ကြမ်းပြင်ကိုပင် တဖတ်ဖတ်မြည်အောင် ရိုက်ပုတ်လိုက်သေးသည်။

Kitty Gang ||myg:pjm|| [Completed]Where stories live. Discover now