Chapter - 9

3.1K 553 36
                                    

(Zawgyi version)

" မလုပ်နဲ့ ဂျီမင်း!! ဂျန်ဟိုဆော့က မင်းအစ်ကို!"

ဂျီမင်းသည် ရယ်မောသည်။ ထို့နောက် သေနတ်ကို တည့်တည့်ချိန်၍

" ဖယ်စမ်း မင်ယွန်းဂီ..!!! ပေါက်တက်ကရတွေပြောပြီး ကာဆီးကာဆီးလုပ်မနေနဲ့..! "

ယွန်းဂီက ဟိုဆော့ကို ကာထားသည့်အနေအထားနဲ့ပင်..

" ငါ့ပုံစံက ပေါက်တက်ကရ ပြောတဲ့ပုံပေါက်နေလို့လားး
ဂျန်ဟိုဆော့က မင်းအစ်ကိုမို့လို့
သေနတ်ကို ဖယ်ချထားလိုက်စမ်းပါ.. "

ဂျီမင်းကိုယ့်နားကိုယ်ပင်မယုံနိုင်။ ဒေါသကြောင့် နီမြန်းနေသောမျက်နှာသည် ထပ်ပေါင်းအနေဖြင့် အံဩရိပ်တို့ပါ လွှမ်းခြုံနေသည်။  မိမိကြားလိုက်ရသည့်စကားကို မယုံနိုင်သည့်နှယ့်..။

" ဘာတွေပြောနေတာလဲ... အဲ့လူကို သတ်ရမှာမို့လို့ အရှေ့နေ ဖယ်စမ်းပါ! "

" အစ်ကိုလေး! သူက တစ်ယောက်တည်းရှိတဲ့ အစ်ကိုလေးရဲ့ သွေးသားအရင်းပါ "

ဘေးမှာ အတန်ကြာရပ်နေသည့် နမ်ဂျွန်းသည် ထပ်မံ၍ ယွန်းဂီနဲ့ဟိုဆော့ကို ကာထားရင် ဝင်ပြောလာသည်။ မိမိယုံကြည့်ရသည့် နမ်ဂျွန်းကိုယ်တိုင်က ဝင်ပြောနေသည်မို့လို့ ဆွံအတုန်လှုပ်ခြင်းများဖြင့် လက်ပင်မခိုင်တော့ကာ လက်ထဲကသေနတ်မှာ မြေသို့ခဆင်းသွားလေသည်။ ယွန်းဂီသည် ပြေးလာကာ ဂျီမင်းသေနတ်ကို အသည်းအသန်ကောက်သိမ်း၍ မိမိဘောင်းဘီအိတ်ထဲထိုးထည့်လိုက်ပြီး ပြိုလဲဟန်ဖြစ်နေသည့် ဂျီမင်းပုခုံးကို အသာဖေးမ၍ အိမ်ထဲ ဝင်စေသည်။

" နမ်ဂျွန်း.. ဟိုဆော့ကို ဆေးရုံခေါ်သွားတော့ သွေးထွက်လွန်နေမယ်.. "

ယွန်းဂီသည် နမ်ဂျွန်းဘက်လှည့်ကာ ဆိုသည်။

နမ်ဂျွန်းသည် ခြေထောက်ဒဏ်ရာကြောင့် ညည်းတွားနေသည့် ဟိုဆော့ကို လက်မှတွဲခေါ်၍ ကားပေါ်တင်ကာ ဆိုးလ်သို့ ပြန်မောင်းမည်ဟု စဉ်းစားပြီးတော့မှ အချိန်ကြာလေ ဒဏ်ရာပိုဆိုးမည်ကို စိုးရိမ်လာတာကြောင့် ဒယ်ဂုမြို့ထဲရှိ ဆေးခန်းငယ်တွင် အရက်ပြန်နဲ့ ဆေးအချို့ကို ဝယ်ကာ အရေးပေါ်ကုသပေးပြီးမှ ဆိုးလ်သို့ ပြန်ခေါ်သွားလေသည်။ သေနတ်ဒဏ်ရာဖြစ်နေသည်မို့ ဆေးရုံကို ခေါ်သွားလို့မဖြစ်။ မိမိအိမ်ကိုသာ တန်းမောင်းလာခဲ့သည်။  ဆေးဝါးအကြောင်း နားလည်သည့် ဟိုအမြွှာနှစ်ကောင်ရှိနေသည်မို့သာ တော်သေးတော့သည်။

Kitty Gang ||myg:pjm|| [Completed]Where stories live. Discover now