FINAL - 1

2.8K 400 13
                                    

၇နှစ်တာသောအချိန်တွေကုန်လွန်သွားပြီမို့
ဂျီမင်းသည် ထိုနေရာမှ နှုတ်ဆက်ထွက်ခွာရန်
ပစ္စည်းများသိမ်းဆည်းနေသည်။ အကုန်လုံးအဆင်သင့်
ဖြစ်သည့်နှင့် ရဲသားများလာခေါ်သည်မို့ ချက်ချင်းပင်
ထွက်လာလိုက်သည်။ အပြင်ဘက်ရောက်တော့
ပဲပြားနှင့် ပန်းစည်းကိုင်ကာ အဆင်သင့်စောင့်နေသော
နမ်ဂျွန်းသည် မိမိအား ပြုံးပြကာ ပစ္စည်းများကို
သယ်ပေးပြီး ပဲပြားအားအတင်းထိုးပေးသည်။

"စားစား.. တစ်ကျိုက်တည်းစားပစ်..
ပြီးရင် ဖိနောက်နဲ့ မြေကြီးကိုပေါက်ပြီးမှ
ကားပေါ်တက်.. "

ဒီနေ့တွင် တစ်အိမ်လုံးသည် လှုပ်လှုပ်ရှားရှား
ကြွကြွရွရွဖြင့် တစ်အိမ်လုံးဆူညံလျက် ရှိနေသည်။
ဟိုဆော့သည် အရသာစပ်နေသော
creamတို့အား လက်သန်းဖြင့်တို့ရင်း မြည်းစမ်းနေသည်။
အရသာမှန်သွားပြီးမို့  ယခုလေးတင် ovenထဲက
ပူပူနွေးနွေးထုတ်လာသော ကိတ်မုန့်ထက်တွင်
အလှဆင်သုတ်လိမ်းနေလေရဲ့..။ နာရီကိုလှမ်းကြည့်တော့
အချိန်နည်းနည်းရသေးသောကြောင့် အမြွှာနှစ်ကောင်နဲ့အတူ
အချိုပွဲထပ်လုပ်ရန်တာဆူနေတာမို့ ပူပူနွေးနွေး
ပြင်သစ်စတိုင်ကြက်ဥပူတင်းအား ထပ်လုပ်မိသည်။
စားသောက်ဖွယ်ရာများလည်း စုံသင့်သလောက်စုံနေပြီမို့
နာရီထပ်ကြည့်လိုက်စဥ် ဖုန်းမှအသံမြည်လာကာ..

"ဟယ်လို.."

"လမ်းထိပ်ရောက်နေပြီ..အဆင်သင့်ပြင်ထား.."

ဖုန်းချလိုက်သည်နှင့် သုံးယောက်လုံး
လှုပ်လှုပ်ရှားရှားဖြစ်သွားတာ
ကတော့ချွန်ပုံသဏ္ဌာန်ဦးထုပ်ကို ဆောင်း၍
ဟိုဆော့သည်ကိတ်မုန့်ကိုပါ ကိုင်ဆောင်ထားလိုက်သည်။
အိမ်ရှေ့တံခါးပွင့်လာသည်နှင့်..

" congratulations ဂျီမင်း!!!!
အိမ်ကိုပြန်ရောက်လာလို့ ဂုဏ်ယူပါတယ်..!! "

ကားပေါ်ကဆင်းဆင်းချင်း လူစုံတက်စုံဖြင့်
ဝိုင်းဝန်းကြိုဆိုကြတော့ ဂျီမင်းရင်ထဲဆို့တက်လာကာ
မျက်ရည်များ ဝဲတက်လာသည်။

" မွေးနေ့လည်းမဟုတ်ဘဲနဲ့ အဲ့ခေါင်းစွပ်က ဘာလဲဗျာ.."

"မွေးနေ့မဟုတ်ပေမယ့် ၇နှစ်နေမှပြန်လာတဲ့မင်းကြောင့်
အားလုံးအတွက် မင်္ဂလာရှိတဲ့နေ့ပဲလေကွာ.. "

Kitty Gang ||myg:pjm|| [Completed]Where stories live. Discover now