FINAL - 2 |END|

4.8K 461 62
                                    

[Unicode Version]

" မတွေ့တာကြာပြီနော် ယွန်းဂီ.."

သူ့လက်ထဲတွင်ကိုင်ထားသော ဖန်ခွက်လေးမှာ
ကြမ်းပြင်ပေါ်တွင် တစ်စစီကြေမွလျက်..။

" ဂျီမင်း..?? မင်းမလား.. ဟုတ်တယ်မလား.. "

မိမိပုခုံးအားဆွဲလှုပ်ကာ မေးနေသော ယွန်းဂီကြောင့်
ဂျီမင်းတစ်ကိုယ်လုံးမှာ ယမ်းခါလျက်။

" ဖြည်းဖြည်းလုပ်ပါ ယွန်းဂီရယ်..
ကျွန်တော်ဂျီမင်းစစ်စစ်.. "

" အာ.. sorry..
ငါ.. ငါ.. စိတ်လောသွားလို့.. "

ဂျီမင်းသည် ခပ်ယဲ့ယဲ့သာပြုံးရင် ဆိုင်အတွင်းရှိ
ထိုင်ံခုံတစ်နေရာတွင် ထိုင်ချလိုက်သည်။
အမှန်တကယ်မှာ သူအရမ်းကိုငိုချင်နေသည်ဖြစ်သည်။
၇နှစ်အတွင်း အချစ်မလျှော့ဘဲ လွမ်းဆွတ်နေခဲ့သူအား
ပြန်လည်တွေ့ဆုံရခြင်းလောက် ကံကောင်းတာ
ဘာရှိသေးလို့လဲ..။ အခုနေ သေရမယ်ဆိုရင်တောင်
သူတကယ်သေပျော်နေပြီ။ စိတ်ရှိတဲ့အတိုင်းဆိုလျှင်
တင်းတင်းကျပ်ကျပ်ပွေ့ဖက်ပလိုက်ချင်ပေမယ့်လည်း
မိသားစုနှင့် ပြီးပြည့်စုံနေသည့် ယွန်းဂီအား
အနှောက်အယှက် မပေးလိုပါ။ မိမိအရှေ့ရှိ
စားပွဲခုံပေါ်သို့ ကော်ဖီတစ်ခွက်လာချပေးပြီး
သူပါဝင်ထိုင်လိုက်ပြီး ဂျီမင်းအား..

"မျက်နှာက ချောင်သွားလိုက်တာ..
နေမကောင်းဘူးလား.. "

"အာ.. မဟုတ်..
မလွတ်ခင်က၁ပတ်အလိုလောက်က 
အထဲမှာ ရက်နည်းနည်ကြာအောင်
ဖျားခဲ့လို့နဲ့တူတယ်.. ဟားဟား.. "

ယွန်းဂီသည် အားနည်းပုံပေါ်သောဂျီမင်းအား
နွမ်းဖတ်လှသည့် မျက်လုံးအကြည့်များဖြင့်ကြည့်ရင်း

"အခုဘယ်မှာတည်းလဲ..
ပစ္စည်းတွေယူလာပြီး ဒီမှာလာနေလေ..
အပေါ်ထပ်မှာ ရှင်းထားတဲ့အခန်းရှိတယ်"

ဘာရယ်မဟုတ်၊ ယွန်းဂီက တစ်ဖက်လူကို
မျက်လုံးချင်းစုံပြီး စကားစမည်ပြောနေပေမယ့်
ဂျီမင်းရင်ထဲမွန်းကြပ်လာသည်။ ထိုနေရာမှ
ထကာပြန်ရန်အပြု..

"ဖေဖေ!!!!"

ကျယ်လောင်စွာပေါ်လာသော ခေါ်သံ၏အဆုံးတွင်
အနားသို့ပြေးလာသော ကလေးငယ်တစ်ဦး။
ထိုကလေးသည် အလွန်ဆုံးရှိ ၄နှစ်ဝန်းကျင်လောက်
ရှိမည်ထင်သည်။ ကလေးငယ်က
ယွန်းဂီပေါင်ပေါ်တက်ထိုင်လိုက်ပြီး....

You've reached the end of published parts.

⏰ Last updated: Nov 14, 2020 ⏰

Add this story to your Library to get notified about new parts!

Kitty Gang ||myg:pjm|| [Completed]Where stories live. Discover now