Chapter - 12

3K 526 43
                                    

(Zawgyi version)

ဟိုဆော့နှင့်အတူ ဆိုးလ်ကိုပြန်လိုက်ရန် ငြင်းပြီးသည့်နောက်နေ့တွင် ဂျီမင်းသည် မိမိအားစကားမပြောတော့ပါ။ အကြောင်းကား
ဟိုဆော့တို့ လာခေါ်သည့်ကိစ္စအပေါ် သူနဲ့အတူနေခဲ့ဖို့ ဝင်မပြောပေးသောကြောင့်ပင်။
ဟိုဆော့တို့ အတင်းခေါ်တော့
*ဒီမှာပဲနေပါမယ်ဆိုနေ ဘာဖြစ်နေတာလဲ.. ယွန်းဂီကလည်း တစ်ခုခုဝင်ပြောပေးဦးလေ..* ဟူသည့် မလျှော့မတင်းလေသံပြုသည်။ သို့သော် ယွန်းဂီဘာမှဝင်မပြောသောကြောင့်
စိတ်ဆိုးပြီး အခန်းထဲမှ မထွက်တော့သည်မှာ ဒီနေ့နဲ့ဆိုလျှင် ၃ရက်တိတိပင်ရှိတော့မည်။

" ငါခေါ်ရင် လိုက်မှာမဟုတ်ဘူး..
မင်းပြောပေးပါလား.. "

ထိုနေ့က ဟိုဆော့ ပြောခဲ့သော စကားကိုနားထဲ ပြန်ကြားမိလာသည်။ မိမိအား စစ်ကူခေါ်နေသော ဟိုဆော့ကို ဘာပြန်ပြောရမှန်းမသိ။

" မင်းနဲ့ပဲ နေမယ်ချည်း ပြောနေတယ်..
မဟုတ်မှလွဲရော.. .. "

" ဟိတ်ကောင် ဟိုဆော့!!
ပေါက်ကရပြောရင် ငါဆွဲထိုးမှာနော်.. "

ဟိုဆော့ကရယ်၍

" ဘာပြောလို့လဲ.. မဟုတ်မှလွဲရော မင်းသူ့ကို ဘာတွေများချိန်းခြောက်ထားလဲလို့ စနောက်ပြီး မေးမလို့ပါဟာ.. "

" ဘာကိုချိန်းခြောက်ရမှာလဲ..
မင်းညီကသာ ငါ့ကို အမြဲအနိုင်ယူနေတာ.. "

ဟိုဆော့သည် ခပ်ဟဟသာရယ်သည်။

" သူတစ်ယောက်တည်း ပြန်မလိုက်ချင်ရင် မင်းပါလိုက်လာခဲ့ကွာ..
ဆိုးလ်မှာ မင်းရောငါရောဂျီမင်းရော ၃ယောက်အတူတူနေလို့ရတာပဲ..
နမ်ဂျွန်းအိမ်က သွားလို့အဆင်မပြေတာမို့လို့
ငါ gangdong ဘက်မှာ အိမ်ဝယ်ထားတယ် "

" ဝယ်တယ်? မင်းက? ဘယ်ကဘယ်ပိုက်ဆံရတာလဲ.. "

" ဂျီမင်းကို လုပ်ကြံခိုင်းတုန်း သူဌေးကြီးပေးထားတဲ့ ရတနာတွေကို ရောင်းလိုက်တာ အိမ်တစ်လုံးစာ ကောင်းကောင်းရတယ်..
၂ထပ်အိမ်ဆိုတော့ အောက်ထပ်ကို
ငါcafeလေးဖွင့်မလားလို့.. ငွေရင်းလေးလည်း ရှိနေတော့ အရင်လိုမဟုတ်ပဲ
အေးအေးဆေးဆေးပဲ လုပ်စားချင်တော့တယ်.."

Kitty Gang ||myg:pjm|| [Completed]Where stories live. Discover now