Chapter - 14

3.2K 544 74
                                    

(Zawgyi version)

" ခိုးနမ်းတာမျိုးကို ငါက
ခွင့်ပြုမယ်ထင်နေလား? ဂျီမင်း.. "

ရုတ်တရက်ထမေးလိုက်သော ယွန်းဂီကြောင့် ဂျီမင်းမျက်လုံးများ ပြူးကျယ်သွားလျက်။
တစ်ပြိုင်နက်တည်းမှာပင် လန့်ဖြတ်မှုကြောင့် ကြမ်းပြင်ပေါ်တစ်ခုခု ဖြုတ်ခနဲပြုတ်ကျသံကလည်း ပေါ်ထွက်လာလျက်။

ဒီလူ မူးနေတာ မဟုတ်ဘူးလား..??

" ဘာပြူးကြည့်နေတာလား.. ပြောနေတာကြားရဲ့လား? "

" ဘယ်-ဘယ်မှာ နမ်းလို့လဲ!
ချော်လဲသွားလို့ ခင်များ..ခင်များပေါ် ပြုတ်ကျသွားတာ.. "

အယောင်ယောင်အမှားမှားဖြင့် စကားထပ်နေသော ဂျီမင်းအား ယွန်းဂီသည် မျက်မှောင်ကြုံကာကြည့်လျက်။ ထို့နောက် ဂျီမင်းအား ပုခုံးမှကိုင်၍ ဆွဲလှည့်လိုက်သောကြောင့် ဂျီမင်းသည် အောက်သို့ရောက်နေကာ ယွန်းဂီမှာအပေါ်မှ အုပ်မိုးထားသည့်အနေအထားပင်..။
မျက်လုံးပြူးကာကြည့်နေသော ဂျီမင်းပုံစံသည် တစ်ခါမှမမြင်ဖူးသည်မို့ အနည်းငယ်တော့ အဆန်းအပြားဖြစ်နေသည်။ နီရဲကာ ခပ်ဖူးဖူးသဏ္ဍာန် နှုတ်ခမ်းတစ်စုံကတော့ သူ့အားဆွဲဆောင်နေသလို..။

အားးး မဖြစ်ဘူး..
မင်ယွန်းဂီ မင်းစိတ်ထိန်းမှရမယ်...

အတွေးများနေစဉ် သူ့အားတွန်းဖယ်ကာ အခန်းထဲမှထွက်သွားသော ဂျီမင်းသည် ဖရိုဖရဲသဏ္ဍာန်ဖြင့်သာ။ ရှုပ်ပွနေသောဆံနွယ်ကို ပုံကျအောင် ပြန်သပ်လိုက်ပြီးမှ ကိုက်ခဲလာသောခေါင်းကြောင့် ရေခဲသေတ္တာထဲမှ ပျားရည်ပုလင်းကိုယူ၍ ရေအနည်းငယ်ရောကာဖျော်ပြီး ခပ်မြန်မြန်တစ်ခွက်မော့ချလိုက်သည်။

" ဒုက္ခပဲ.. မသိအောင် နမ်းပါတယ်ဆိုမှ ရအောင်မိသွားသေးတယ်.. "

ဂျီမင်းမှာတော့ အပြင်ဖက်တွင် ရင်ဘတ်ကိုဖိလိုက်၊ ခုန်ဆွခုန်ဆွဖြစ်လိုက်၊ ခေါင်းကိုခါလိုက်ငြိမ့်လိုက်ဖြင့် တစ်ယောက်တည်းပြာယာခတ်နေပေမယ့်
ယွန်းဂီမှာတော့ အခန်းထဲတွင်ငုတ်တုတ်ကြီးသာ။

" ငါသူနဲ့ တစ်ခန်းတည်း ဘယ်လိုအိပ်ရမှာလဲ..
စိတ်ထိန်းနိုင်မှာမဟုတ်ဘူး.. "

Kitty Gang ||myg:pjm|| [Completed]Onde histórias criam vida. Descubra agora