Chapter - 15

3.6K 495 36
                                    

(Zawgyi version)

" ငါလည်း မင်းလိုပဲ ဂျီမင်း.. ချစ်နေမိပြီ "

ဤသည်မှာ နှစ်ဦးသား၏ ချစ်ဇာတ်လမ်းခရီးအစ။ ပျော်ရွှင်မှုကြောင့် ပိုးပိုးပေါက်ပေါက်ကျလာသော ဂျီမင်း၏ မျက်ရည်တို့ကို လက်မဖြင့် အသာဖိသုတ်ပေးပြီး နှုတ်ခမ်းနှစ်လွှာအား ခပ်ဖွဖွနမ်းမိသည်။ ထိကပ်သည်ဆိုရုံလေး..။ ဘာရမ္မက်မှမပါ..။
ဒါပေမယ့် "လူတစ်ယောက်က ကောင်းနေတဲ့အချိန် ထိန်းချုပ်ထားသမျှက မူးလာတဲ့အခါ အကုန်ပေါ်တယ်" ဆိုတဲ့စကားက မှန်တယ်ဆိုရမည်။ တကယ့်ကိုဖြူဖြူစင်စင် စတင်ခဲ့ပေမယ့် အနည်းငယ်အရှိန်ရနေသော မိမိသည် အောက်နှုတ်ခမ်းလွှာအား အသာဖွဖွဆွဲကိုက်မိသည်။ ဟင့်အင်း.. တကယ်က သွေးနည်းနည်းဆို့သွားသည်အထိ။ မျက်ရည်များကြား နှုတ်ခမ်းမှနာကျင်မှုကြောင့် အနည်းငယ်ညည်းမိတော့ ယွန်းဂီသည် မျက်နှာနှစ်ခုကို ချက်ချင်းဆွဲခွာ၍ အသက်ကို ပြင်းပြင်းရှုရင်း..

" ဂျီမင်း.. တောင်း..တောင်းပန်ပါတယ်..
ငါ..မတော်တဆ..ဟို.. "

ဂျီမင်းက ဘာမှပြန်မပြောဘဲ ကွဲကွာသွားသော နှုတ်ခမ်းတို့အား ပြန်လည်ထိကပ်ပြီးမှ သူ့ဘက်ကနေစတင်ကာ နမ်းရှိုက်စေသည်။
ယွန်းဂီသည် မိမိအခြေအနေ မိမိသိသည်မို့ သူရှောင်မှဖြစ်မည်။ သူထိန်းချုပ်မှဖြစ်မည်။ သူဆင်ခြင်မှဖြစ်မည်မို့ ဂျီမင်းအား တွန်းထုတ်လိုက်ပြီး ထိုအခန်းထဲမှ ထွက်လာလိုက်သည်။ ထိုနေ့က တစ်ညလုံးဧည့်ခန်းထဲမှာသာ ဟိုဘက်လျှောက်လိုက် ဒီဘက်လျှောက်လိုက်ဖြင့် အချိန်ကုန်စေခဲ့သည်။

မနက်မိုးလင်းသည့်အချိန်တွင် ယွန်းဂီသည် ဂျီမင်းအား မျက်နှာချင်းမဆိုင်။ မျက်နှာကိုလွှဲ၍ အောက်ထပ်ကိုဆင်းသွားသော ယွန်းဂီကြောင့် ဂျမင်းမှာတော့ မအူမလည်ဖြင့်သာ..။

..............................................................

ယနေ့ barဖွင့်သည့်နေ့။ ဆိုင်နာမည်အား "Double J"ဟုပေးထားသော hoseok၏ မကြီးလွန်းမငယ်လွန်းသည့် ဆိုင်အတွင်း ဧည့်သည်များဖြင့် ပြည့်နှက်လျက်ရှိသည်။  ဂွန်းလေး၊ဖွန်းလေးတို့သည် ဧည့်သည်များကို ဧည့်ခံ၍ ဟိုဆော့ကတော့ ဘားကောင်တာတွင် ဧည့်သည်များမှာယူသည့် ကော့တေး၊ဝိုင်၊ဝီစကီ စသည်တို့ ရောစပ်ခြင်း တာဝန်ကို အပြည့်အဝ ဆောင်ရွက်နေလေသည်။ ဆိုင်ကြီးကြီးကျယ်ကျယ် မဟုတ်သောကြောင့် ဝင်ထမ်းများများစားစားမရှိ။ ဝင်ထမ်းဟူ၍ စားဖိုဆောင်တွင် အလုပ်ရှုပ်နေသော Chef၂ဦးသာရှိသည်။

Kitty Gang ||myg:pjm|| [Completed]Where stories live. Discover now