Chapter - 19

2.7K 385 27
                                    

[Unicode Version]

လူတို့သည် မိမိတို့ရောက်ရှိရာဘဝတွင်
မရောင့်ရဲမတင်းတိမ်ဖြစ်တက်သည့် အကျင့်ရှိသည့်အတိုင်း
သခင်ကြီးဆိုသည့်လူသားမှာလည်း မိမိဘဝအဆင်ပြေနေသည့်တိုင်အောင် လောဘစိတ် ထွဋ်တက်လာ၍ ဂျီမင်းတို့၏
မိသားစုစီးပွားရေးကို လုယူခဲ့သည်မှာ ယနေ့တိုင်ပင်
ဖြစ်သည်။ မာန၊လောဘဖြင့် တစ်သက်လုံးနေထိုင်ခဲ့ပေမယ့်
သွေးသားဖြစ်သူနမ်ဂျွန်း၏ ထိခိုက်ဒဏ်ရာရတဲ့အချိန်ကျမှ
တစ်သက်လုံးတင်းခံခဲ့သမျှမာနတို့သည် အလူးလူးညွှန်ကျလျက်ရှိရာ....... ။

စာရွက်ပေါ်တွင်ရေးသားထားသည့် တောင်းပန်စာကို
ဖတ်ပြီးသည်နှင့် မျက်ရည်များကျဆင်းလာသည်။
အဖေဟူသည့် ဝေါဟာရတစ်ခုသည် ထိုမျှလောက်အထိ
ပျော်ရွှင်မှုရလိမ့်မယ်ဆိုတာ ကြိုသိခဲ့ပါလျှင် သူသည် နဂိုဘဝနဲ့တင် ရောင့်ရဲတင်းတိမ်နိုင်ပါသည်။ သို့တိုင်.. ထိုအရာ အားလုံးသည် နမ်ဂျွန်းအတွက်သာလုပ်ခဲ့သည်မို့
သူနောင်တမရ..။ ထိုနောက် သူသည်အရာအားလုံးကို လက်လွှတ်ကာ ဖြစ်သင့်သည့်အရာတို့ကို ရွေးချယ်ခဲ့သော်လည်း ကျန်ရှိနေသေးသည့် အမုန်းတရားတစ်ချို့ကို တော့ လက်မလွှတ်ခဲ့ပါ။ အနားတွင် သတင်းထောက်များ၊
ရဲဌာနမှလူကြီးများရှေ့တွင် ရေးထိုးမြဲလက်မှတ်ကို
ထိုးပြီးသည်နှင့် စာရွက်စာတမ်းများအား ရှေ့နေကြီးထံ
လွှဲပေးပြီးသည့်နောက် မဲ့ပြုံးတစ်ချက်အားမာန်ပါပါပြုံးရင်း...

" ကျွန်တော်ကိုဖမ်းပါ "

..............................................................

*စီးပွားရေးလုပ်ငန်းတွင် ပြိုင်သူရှား အောင်မြင်သည့်
ပတ်ခ်မြောင်ဆူသည် အပြစ်များအားလုံးဝန်ခံပြီး
ရဲစခန်းတွင် ကိုယ်တိုင်လာရောက်အဖမ်းခံခြင်း*

သတင်းစာ၏ ခေါင်းစဥ်ပိုင်းတွင်နေရာယူထားသော
ထိုသတင်းကိုမြင်တော့ ယွန်းဂီသည်
မျက်လုံးများပြူးကျယ်ပြီး ဂျီမင်းအား လှမ်းကြည့်လိုက်သည်။
နမ်ဂျွန်းဆေးရုံဆင်းအပြီး တစ်လအကြာတွင် ထိုသတင်းထွက်ပေါ်လာခြင်းပင်။ ဂျီမင်းသည် ဘာမှမသိသေးဘဲ
သူ၏အချစ်တော်ကြောင်ငယ်နှင့် ဆော့ကစားနေရင်းမှ
ယွန်းဂီကိုလှမ်းကြည့်ရင်းပြုံးပြသေးသည်။
ယွန်းဂီသည် ပြန်လည်ပြုံးပြပြီးသည့်နောက် သတင်းစာကိုဆက်လက်ဖတ်ရှုရာ ဤတစ်ကြိမ်တွင်တော့
အံဩဒေါသများ တလိပ်လိပ်ဖြစ်လာရသည်။ တစ်ချိန်တည်းမှာပင် မြည်ဟိမ်းလာသော ဂျီမင်း၏ ဖုန်း...။

Kitty Gang ||myg:pjm|| [Completed]Hikayelerin yaşadığı yer. Şimdi keşfedin