2K 93 5
                                    

Zawgyi ver

ကျ​နော့်​ ကိုယ်​ထဲက တစ်​စုံတစ်​ခု ကျိုးသွားတဲ့အသံကိုသိလိုက်​တယ်​ ကျ​နော်​သိလိုက်​ပါပြီ ​ဒေါသကြီးတဲ့ ရက်​စက်​ပါ​ပေ့ဆိုပြီး နာမည်​ကြီးတဲ့ နျဲ့မင်​ကျွဲ့ အကိုကြီး ကျ​နော့်​ကို သတ်​လိုက်​ပြီဆိုတာ
ကျ​နော်​​နောင်​တမရခဲ့ပါဘူး လို့ ​ပြောရင်​မှားလိမ့်​မယ်​ ​နောင်​တရခဲ့မိတယ်​ မှား​နေခဲ့တာ​တွေက အများသားလား ခိုင်း​စေလို့လုပ်​ခဲ့တာ​ရော ကိုယ့်​ကိုယ်​ကို ကာကွယ်​ဖို့အတွက်​​ရော ကလဲ့စားအတွက်​​ရော

အရာရာဟာ တုံ့ပြန်​ရတာ ပူ​လောင်​ပါလား သိရတဲ့​နောက်​မှာ ပြန်​ပြင်​ချိန်​မရှိ​တော့ပဲ ​နောက်​ကျခဲ့ရပြီ ခွင့်​လွှတ်​နိုင်​စရာမရှိတဲ့အမှား​တွေပါလား

အကယ်​၍များ အကယ်​၍များ​ပေါ့ ပြန်​ပြင်​ဆင်​ချိန်​​လေးရှိရင်​ နှစ်​ခါပြန်​​တွေးစရာမလိုပဲ ပြင်​ဆင်​ချင်​ပါတယ်

~~~~~~~~~~~~~
'က​လေးက အခုချိန်​ထိသတိမရ​သေးဘူး အဲ့​လောက်​ထိက​လေးကိုလုပ်​ရက်​တယ်​'

ဟင်​ အ​မေ့အသံပါလား အ​မေ့ဆီ​ရောက်​​နေတာလား အ​မေရှိတဲ့တမလွန်​ကို

'မဟုတ်​​သေးပါဘူး ငါ​ဆေးဆရာ​ခေါ်​ပေးပါ့မယ်​ဟယ်​ ငိုမ​နေစမ်းနဲ့ နင့်​သားမ​သေ​သေးဘူး'

ကြာခဲ့​ပေမဲ့ မှတ်​မိ​နေတဲ့အသံ ဆျွီဆျွီလား သူကမ​သေ​သေးဘူး​လေ ငါ ငါဘယ်​​ရောက်​​နေတာလဲ

'ဟဲ့ မု့န်​ရှီ ဟိုမှာနင့်​သားနိုးလာပြီ သွား သွား ​ရေသွားခပ်​ ​ရေဆာ​နေမယ်​'

လေးကန်​တဲ့မျက်​လုံးကိုအားတင်းဖွင့်​ရင်း ​ဘေးကိုအ​သော့နှင်​လာတဲ့​ခြေသံကိုနားဆင်​​နေမိတယ်
ပြည်​ကြီးတန်​ဆာဘွဲ့ခံယူထား​ပေမဲ့ အ​မေဟာ ​ခြေသံညင်​သာပြီး သိမ်​​မွေ့တယ်

'အ​မေ? အ​မေလား?'

'ဟင်​ သား ငို​နေတယ်​?ဘာလို့လဲသား ​ခေါင်းကဒဏ်​ရာ နာ​နေလို့လား'

ငိုချင်​စိတ်​​တွေက လုံးဝဖုံးမရ အ​မေ့ရင်​ခွင်​ထဲအတင်းတိုးဝင်​ပြီး အ​မေ့ခါးကိုတင်းတင်းဖက်​ပြီး ​အော်​ငိုပြစ်​လိုက်​​တော့တယ်

Return of Meng YaoWhere stories live. Discover now