1

3.5K 308 18
                                    

Scroll Down For Unicode

Zawgyi

်"ဒုန်းးးးးးးးး"
နာမည်ကျော် rapper Min Yoongi aka Suga ရဲ့ ပွဲကိုလာတဲ့ကောင်လေးတစ်ယောက် ကားတိုက်မိခြင်း....။
တိုက်မိတဲ့ကားကလည်းတခြားကားမဟုတ် Min Yoongi စီးလာတဲ့ကားဖြင့်..

တိုက်မိမိချင်း Min Yoongi တစ်ယောက်ကိုယ်တိုင်ကားပေါ်ကဆင်းလာပြီး လဲကျသွားတဲ့ကောင်လေးကို မ ပြီး ကားပေါ်တင်သွားသည်..။ 

ထိုနေ့ပွဲကိုဖျက်လိုက်ပြီ..။ 

Min Yoongi ရဲ့ rapper သက်တမ်းတစ်လျှောက်ပထမဆုံးဖျက်တဲ့ concert..။
သူတစ်ခါမှပွဲမလာတာမရှိသလို သူလုပ်တဲ့ပွဲတိုင်းသူသေချာပေါက်ရအောင်လုပ်တယ် နေပူပူမိုးရွာရွာ..။
မိုးသည်းကြီးမဲကြီးရွာတောင် သူရအောင်ပွဲလုပ်တယ်

ဒီနေ့ပွဲကထူးခြားဖြစ်စဉ်..။

တစ်နိုင်ငံလုံးကိုလျင်မြန်စွာပြန့်သွားတဲ့သတင်း..။

Min Yoongi ပထမဆုံးဖျက်လိုက်တဲ့ concert..။ 

ဒါတွေအားလုံးက Min Yoongi ကားနဲ့တိုက်မိတဲ့ကောင်လေးတစ်ယောက်ကြောင့်..

***** 

Jimin's POV 

ဒီနေ့ Yoongi Hyung concert ရှိတယ်.. သူသာကျွန်တော့်သတိမထားမိတာ ကျွန်တော်သူ့ပွဲတိုင်းသွားတယ်..။
ဒီနေ့ပွဲလည်း ကျောင်းအပျက်ခံပြီးကိုသွားမှာ..ဟီး

ရောက်ခါနီးပြီ..လမ်းလေးကူးလိုက်ရုံပဲ

ညာဘက်ကိုကြည့်လိုက်တော့ အမဲရောင်ကားတစ်စီး အလျင်စလိုနဲ့မောင်းလာတဲ့ကား.. 

"ဒုန်းးးးးးးးး" 

Jimin အတွက်လောကကြီးကမှောင်မိုက်သွားခဲ့ပြီ..။ 

***** 

"ချာတိတ်..." 

"Um? ကျွန်တော်ဘယ်ရောက်နေတာလဲ?"

Jimin ခေါင်းမူးမူးနဲ့မျက်လုံးဖွင့်ကြည့်တော့
မျက်စိရှေ့မှာပေါ်လာတဲ့ သူအရမ်းရင်းနှီးတဲ့မျက်နှာ..
အသားကဖြူဖြူ ပိန်ပိန်ပါးပါး..
ဖြူပါတယ်ဆိုမှကို ဆံပင်ကိုအရောင်ချွတ်ထားပြီး
အင်္ကျီလက်ရှည်အဖြူ ဘောင်းဘီအရှည်အဖြူဝတ်ထားတဲ့ ထိုလူ...။

Maybe I Can't Touch The Sky // 윤민Where stories live. Discover now