3

1.8K 230 8
                                    

Scroll Down For Unicode

Zawgyi

***Jimin's POV***

တကယ်အဆင်မပြေဘူး.. ဘယ်လိုမှကိုအဆင်မပြေတာ ကျွန်တော့်ရွေးချယ်မှုလေးလုပ်လိုက်တာနဲ့ ဒီလောက်ခံစားရမယ်ဆိုတာ တကယ်မသိခဲ့တာ.. အစ်ကိုတော့သိပါ့မလား...။

အစ်ကိုကအရမ်းပျော်နေတာလေ ကျွန်တော်အစ်ကို့ကိုပြန်ချစ်လို့ဆိုပြီး ချစ်တာကတော့အစောကြီးကတည်းကချစ်တာအစ်ကို..။ ရုတ်တရက်မလို့မပြောရဲခဲ့တာပဲရှိတာ...။

ကျွန်တော် gay မဟုတ်ပါဘူး.. ဒါပေမယ့်အစ်ကို့ကိုသဘောကျတယ်..။ ဘာလို့လဲဆိုရင်တော့ကျွန်တော်လည်းမသိဘူး..။ ကျွန်တော်လေ..SNS တောင်ဖွင့်မကြည့်ရဲဘူးသိလား အရမ်းခံရခက်တာပဲ..

ကျွန်တော်ပဲစိတ်နုလွန်းလို့လားမသိဘူးအစ်ကိုရ..။ အစ်ကိုတော့ကျွန်တော်ခံစားရတာတွေဘယ်သိပါ့မလဲ..။
ကျွန်တော်တစ်ခါမှထုတ်ဖော်မပြသဖူးတာကို ။ ကျွန်တော်အစ်ကို့ကိုပြောချင်တာပြောရင်း မျက်ရည်တွေဝဲတက်လာလို့ အပြင်ကိုထွက်လာလိုက်တယ်..။

ကားဟွန်းတီးသံကြားသလိုပဲ အသံကြားတဲ့ဖက်လှည့်ကြည့်လိုက်တော့..

"Omma!!!!!!"

"Min!!!!"

တစ်လောကလုံးမှောင်မဲသွားပြန်ပြီ... အစ်ကိုနဲ့စစတွေ့ချင်းကလိုပဲ...။

***Yoongi's POV***

ဒီကလေးကတကယ် အထိအခိုက်မခံဘူး ငါ့အတွက်ကဒါတွေကရိုးနေပေမယ့် မင်းအဆင်ပြေမှာမဟုတ်ဘူး...ငါသေချာသိနေတယ်.. ငါ့ကိုပြောချင်တာပြောပြီးထွက်သွားတဲ့ မင်းနောက်ကျောကိုကြည့်ပြီးစိတ်ထင့်နေခဲ့တယ်..။

"Min!!!!!!!!"

မျက်စိရှေ့မှာတင်လဲကျသွားတဲ့ကလေး.. သူ့ရှေ့မှာလည်းကားတစ်စီး.. ဘေးနားမှာအိုင်တစ်ခုလိုဖြစ်နေတဲ့သွေးတွေ....။

ကပျာကယာနဲ့ အိတ်ကပ်ထဲရှိတဲ့ဖုန်းကိုထုတ်ပြီး လူနာတင်ကားခေါ်လိုက်တယ်....။
ခဏနေတော့ ကားရောက်လာပြီး ကလေးကိုခေါ်သွားတော့တယ်..။

"ကလေးအဆင်ပြေပါ့မလား?"

အတွေးထဲထပ်နေတဲ့စကားတစ်ခွန်း..။

Maybe I Can't Touch The Sky // 윤민Where stories live. Discover now