9

950 139 8
                                    

Zawgyi Below

Unicode

***Yoongi's POV***

ဟိုဆော့ခေါ်တဲ့နောက်လိုက်လာတော့
ကော်ဖီဆိုင်သေးသေးလေးတစ်ခု..

"ဘာပြောမလို့လဲ..ဟိုဆော့?"
လေသံမာမာနဲ့ပဲမေးလိုက်မိသည်
ဟိုတစ်နေ့က ကိစ္စကိုမကျေနပ်သေးဘူးမဟုတ်လား

"ကျွန်တော် Boss အကြောင်းပြောမလို့"
မျက်နှာငယ်လေးနဲ့ အသံမထွက်တထွက်ပြောလာတဲ့ ဟိုဆော့..

"ဘာလဲဟိုတစ်နေ့က ကိစ္စလား?"
အေးတိအေးစက်နဲ့ပဲ မျက်နှာမပျက်ပြန်မေးလိုက်မိသည်

"အင်း..ကျွန်တော်မှန်းသိတာလား?"

"အေး သိတာပေါ့ အဟက်...ငါမင်ယွန်းဂီပါ
ဂျောင်ဟိုဆော့ရ မင်းဒီလောက်ကြွားထားတဲ့
ဆိုင်ကယ်ကိုမမှတ်မိရအောင်
ငါအရူးမဟုတ်ဘူး.."

"တောင်းပန်ပါတယ် Hyung ရာ..
Boss ခိုင်းတော့ကျွန်တော်လည်း
ဘယ်တတ်နိုင်မှာလဲ?
Hyung လည်းသိနေတာပဲ ကျွန်တော်တို့ဘယ်လိုနေရသလဲဆိုတာ"

"ထားပါတော့ အဲ့နေ့က မင်းတစ်ယောက်တည်းလား?"

"ဟင့်အင်း..ဆော့ဂျင် Hyung ပါသေးတယ်"

"ဟင်?ထူးထူးဆန်းဆန်း သူ့ကိုဘာခိုင်းတာလဲ?"

"ဓာတ်ပုံလိုက်ရိုက်ဖို့တဲ့"
ဟင်?ဓာတ်ပုံရိုက်ရတာ ဂျောင်ကုအလုပ်လေ?
ဘာလို့ ဆော့ဂျင် Hyung က..??

ကိုယ့်အတွေးနဲ့ကိုယ်မလို့
အရှေ့မှာထိုင်နေတဲ့ဟိုဆော့
စကားပြောနေတာသိပေမယ့်
ဘာမှသေချာမကြားလိုက်မိ..

"Hyungggggggg!!!!!!"

ရုတ်တရက်နားထဲထိုးဝင်လာတဲ့အသံဆိုးကြောင့်
တွေးကောင်းကောင်းနဲ့တွေးနေတာတောင်
ပြတ်သွားတော့တယ်..

"မင်းကကွာအသံဆိုးကြီးနဲ့.."

"ဘယ်ကသာအသံဆိုးကြီးကမှာလဲ hyungရာ
ဆော့ဆော့လေးအသံကဘယ်လောက်တောင်
နားထောင်လို့ကောင်းလိုက်သလဲ"
မျက်လုံးကိုပုတ်ခတ်ပုတ်ခတ်ပြောနေတဲ့
ဟိုဆော့ကိုကြည့်ပြီး သက်ပြင်းတစ်ချက်ချလိုက်မိတယ်

ဆယ်စက္ကန့်လောက်ကြာပြီမှ..

"ငါအေဖ့ကို ငါ Gang Boss လုပ်ပေးမယ်လို့ပြောလိုက်တယ်"

Maybe I Can't Touch The Sky // 윤민Where stories live. Discover now