13

937 126 21
                                    

Unicode Below

Zawgyi

:Time Skip: 6 months later

ယွန်းဂီက သူ့အဖေကုမ္ပဏီရဲ့ ဒုဥက္ကဌဖြစ်လာပြီး
တခြားတစ်ဖက်မှာလည်း Gang Boss ဖြစ်ဖို့
သူ့အဖေရဲ့မရပ်မနားနိုင်တဲ့ လေ့ကျင့်မှုတွေကိုလုပ်နေရသည်
နာမည်ကြီးအဆိုတော်ဖြစ်တဲ့အပြင်
ကိုရီးယားရဲ့
သေချာတာတစ်ခုက
သူ ဂျီမင့်အတွက်လုပ်နေရခြင်းသာ..

တစ်ဖက်မှာလည်း ဂျီမင်တစ်ယောက်
အနုပညာတက္ကသိုလ်ကိုဝင်ခွင့်ရပြီး
သူဝါသနာပါရာ အကနဲ့အဆိုကိုသင်နေခဲ့သည် ။
ရုပ်ရည်ချောမောသည့်အပြင်
ယွန်းဂီနဲ့လည်း scandal ထွက်ခဲ့ဖူးတာကြောင့်
သူတို့ကျောင်းမှာဂျီမင့်ကိုမသိသူခပ်ရှားရှား
မသိတဲ့သူကလည်း အရင်ခေတ်ကလာတဲ့သူမှ
မသိခြင်းဖြစ်လိမ့်မည်...။

//Yoongi's POV//

*သေနတ်ပစ်သံ*
ပစ်မှတ်ကိုသေချာပေါက်မလွဲပစ်နေနိုင်ပြီမလို့
လေ့ကျင့်တာကိုခဏရပ်လိုက်တယ်
အချိန်ကိုကြည့်တော့ နေ့လည် ၂နာရီ..

"ဂျောင်ကု.."
ဘေးမှာရပ်နေတဲ့ဂျောင်ကုကိုလှမ်းခေါ်လိုက်သည်

"Nae hyung?"

"ဂျီမင် သတင်းဘာကြားသေးလဲ??"
ဟုတ်ပါသည် လွန်ခဲ့တဲ့ ၆လလုံး
တစ်ရက်တောင်မပြတ်ဂျောင်ကုကို
စောင့်ကြည့်ခိုင်းထားပြီး
ဘာကိစ္စဖြစ်ဖြစ်သိရအောင်လုပ်ထားသည်

ဂျောင်ကုကအခုထယ်ယောင်းနဲ့တွဲနေတော့
ပိုအဆင်ပြေသေးသည်..
ထယ်ယောင်းလည်းဂျောင်ကုဘာလုပ်သလဲဆိုတာသိသွားပေမယ့် မင့်လိုမဖြစ်သွားခဲ့ဘူး
သူလည်းအတတ်နိုင်ဆုံးကူညီပေးပါ့မယ်လို့ပဲပြောခဲ့တယ်

/အခုဂျီမင်ရထားတဲ့ scholar ကလည်း
ယွန်းဂီထောက်ပံ့ပေးထားတဲ့အရာ..
သူကတော့မသိရှာဘူးပေါ့/

"Hyung အဲ့ဒါက..ဒီနေ့ ဂျီမင်hyung dance studio ထဲကလုံးဝထွက်မလာသေးဘူး"

"ဘယ်လို?? သူမနေ့ကတည်းက အဲ့မှာဆို?"
ဒေါသကဆောင့်တက်သွားသည်
ဘာလို့အရမ်းအပင်ပန်းခံနေရတာလဲ
မင်ရာ..
ကိုယ်ဘာမှမလုပ်ပေးနိုင်ဘူး
အခုထိအဖေ့ကိုလွန်ဆန်လို့မရသေးတာကြောင့်..

Maybe I Can't Touch The Sky // 윤민Where stories live. Discover now