12

895 127 10
                                    

Unicode Below

Zawgyi

//Yoongi's POV//

အဖေခေါ်လို့သာထွက်လာခဲ့ရတာ
စိတ်ထဲမှာတော့ မင်တစ်ယောက်
မြစ်ကမ်းဘေးရှိနေမယ်လို့ထင်နေတယ်
သူလည်းခဏစိတ်ကျဉ်းကျပ်လို့နေမှာပါ
မနက်ဖြန်ပြန်လာတွေ့မှာပါနော်..

မင့်အကြောင်းကိုဘယ်လောက်တောင်
တွေးနေမိသလဲမသိဘူး ဘာလိုလိုနဲ့အဖေ့ရုံးကိုတောင်ရောက်နေပြီ
အင်း..ရုံး..

အပေါ်ကိုမော့ကြည့်ရင်းတွေးမိလိုက်သည်

"ဒီလောက်ကြီးကျယ်ခမ်းနားနေတဲ့
ကုမ္ပဏီကြီးတစ်ခုရဲ့အဓိကဝင်ငွေက
Mafia Gang တစ်ခုတဲ့လား
တကယ်ငွေမဲတွေချည်းပဲ.."
တစ်ယောက်တည်းရေရွတ်မိလိုက်သည်

မတတ်သာလို့သာလာရတာ
မင့်ကိုလည်းစိတ်ပူနေမိသေးတာ

ခြေလှမ်းကျဲကျဲနဲ့ပဲ ရုံးထဲကိုဝင်သွားလိုက်တော့
မျက်စိပြူး ပါးစပ်ဟောင်းလောင်းနဲ
ကောင်မလေးတွေကိုတွေ့လိုက်ရတယ်

အဟက်..မိန်းကလေးတွေနှာဘူးကျရင်
တကယ်မလွယ်ဘူးဆိုတာမျိုးပေါ့

လေးလံနေတဲ့စိတ်ထဲလျှောက်သွားရင်း
အဖေ့ရုံးခန်းနားရောက်တော့
တံခါးမဟတဖြစ်နေတာကြောင့်
ချောင်းကြည့်မိလိုက်သည်

မြင်လိုက်ရတာက
အတွင်းရေးမှူးမနဲ့ အတင်းကုန်းရုန်းနမ်းနေကြတာများ
အမေ့ကိုသနားမိတယ်..
ဒီလိုမျိုးတွေသိခဲ့မြင်ခဲ့ပြီး
ဘာမှပြောမထွက်ခဲ့တာကို

နမ်းနေကြတာကိုဆက်ကြည့်နေချင်စိတ်မရှိတာကြောင့် ခပ်တည်တည်နဲ့တံခါးကိုတွန်းပြီးဝင်သွားလိုက်သည်
အထဲရောက်တာနဲ့ ပြာပြာသလဲလဲ
အဖေ့ပေါင်ပေါ်ကထလာတဲ့
သူ့အတွင်းရေးမှူးဆိုတဲ့တစ်ယောက်
အဟက်..ရင်ဘတ်ကလည်း
ဘယ်နှထပ်ခံထားပါလိမ့်
ကြည့်ရတာရင်လေးလိုက်တာ

"မင်ယွန်းဂီ!"

"လာဆိုလို့လာတာအဖေ..ဘာပြောမလို့လဲ?"

"ရုံးဆင်းလို့ရပြီသွား.."
ဘေးမှာကြောင်တောင်တောင်နဲ့ရပ်နေသေးတဲ့ အတွင်းရေးမှူးမကို အဖေကလှမ်းပြောလိုက်သည်

Maybe I Can't Touch The Sky // 윤민Where stories live. Discover now