20 (Final)

1.9K 137 22
                                    

Zawgyi Below

Unicode

မီးရောင်မျိုးစုံ စုံလင်နေတဲ့
ခပ်မှောင်မှောင်အခန်းကျယ်တစ်ခုထဲ
အရက်နံ့ ဘီယာနံ့ ဝိစကီနံ့နဲ့တူတူ
သောက်စားမူးရစ်ပြီး သီချင်းသံတွေကြား
မူးရူးကခုန်နေကြတဲ့သူတွေ ။

ဒီနေရာကတော့ Hongdae မှာရှိတဲ့
နာမည်ကြီး Bar တစ်ခု ။

ပုံမှန်အချိန်လည်းလူအရမ်းများတတ်ပေမယ့်
အခုလိုရက်မျိုးဆိုလူနှစ်ဆရှိတတ်သည်

Dance Performance ရှိတဲ့နေ့ပေါ့
နေရာအစုံက Dancer တွေစုပေါင်းပြီး
တစ်လကိုတစ်ခါလောက်တော့
မဖြစ်မနေလုပ်တတ်ကြသည်

ဒီတစ်ခေါက်ပွဲရဲ့အဓိကဇာတ်ဆောင်က
ပတ်ဂျီမင်...

အချိန်က ည၈နာရီ..
၁၀နာရီဆိုပွဲကစတော့မည်

နားနေခန်းထဲမှာထိုင်နေရင်း
လက်တွေတုန်နေတဲ့ ဂျီမင့်ကို
ဘယ္သူမွသတိမထားမိ ။

ပွဲတွေမှာလိုက်ကဖူးပေမယ့်
အဓိကအနေနဲ့ကပြရမယ်ဆိုတာမျိုးကို
တစ်ခါမှမကြုံဖူးတဲ့အတွက်ကြောင့်လည်း
ဖြစ်ပေဦးမည် ။

//Jimin's POV//

စင်နောက်မှာတောင်အသင့်ပြင်မနေရသေးဘူး
လူကလက်တွေတောင်တုန်နေပြီ

ဘာမှမဆိုင်ပေမယ့်အတွေးထဲဝင်လာတာက
ကိုကို....
၃နှစ်တောင်ရှိနေပြီပဲ

ပြန်လာမယ်လို့ပြောခဲ့တာမလို့
စောင့်နေမိသေးတာ
ဒီနေ့ညမှရှာမတွေ့ရင်
ရှေ့ဆက်သွားဖို့ကြိုးစားတော့မယ်

ပြန်မလာတော့မယ့်လူတစ်ယောက်ကို
ချစ်နေပြီး မျှော်လင့်တကြီးစောင့်နေရတာလည်း
ဝဋ်ကြွေးတစ်ခုလိုပဲ..။

"ဂျီမင်..စင်နောက်မှာအသင့်နေနေတော့တဲ့"
ထယ်ယောင်းစကားကြောင့်အတွေးစပြတ်သွားပြီး
ထိုင်နေရာကနေထလိုက်တယ်

"အာ ဟုတ်ပြီ ထယ်ယောင်း.."

"မင်းအကောင်းဆုံးလုပ်နိုင်မှာပါ"
သေချာပါတယ်ဆိုတဲ့အကြည့်နဲ့ကြည့်ပြီးပြောလိုက်တဲ့ထယ်ယောင်း..သူ့လိုသူငယ်ချင်းရှိတာတော်တော်ကံကောင်းတာပဲ ၊ အခု၃နှစ်လုံးလည်း
အားတင်းထားဖို့သူပဲပြောပေးခဲ့တာ ၊ တစ်ခါတလေ သူနဲ့တူတူ ဂျောင်ကုကိုပါမြင်မိရင်
ကိုကို့ကိုသတိရမိသေးတာ..

Maybe I Can't Touch The Sky // 윤민Where stories live. Discover now