Scroll Down For Unicode
Zawgyi
***THE NEXT MORNING***
***Jimin's POV***
"ဂျီမင်...? နိုးပြီလား?"
အိပ်တစ်ဝက်နိုးတစ်ဝက်နဲ့ကြားလိုက်ရတဲ့ အစ်ကို့အသံ..။
"အိပ်နေတာကို အစ်ကိုကလည်း..."
အိပ်ချင်မူးတူးအသံနဲ့ပြန်ဖြေလိုက်မိသည်..။
"တကယ့်ကလေးလေး..ကျောင်းတက်ရမယ်လေ"
"ကျောင်းကမတက်လို့မရဘူးလား?"
"မတက်လို့မရဘူးလေ မင်ရဲ့..."
"မတက်ချင်ဘူး..အစ်ကိုရဲ့"
"မတက်ချင်မတက်နဲ့တော့ မင်...သူငယ်ချင်းတစ်ယောက်ယောက်ကို ကျောင်းဆင်းရင်စာလာပြခိုင်းလိုက်လေ"
"ဟုတ် အစ်ကို.."
ဘေးနားထားထားတဲ့ဖုန်းကိုယူလိုက်ပြီး
တစ်လုံးတည်းရှိတဲ့ ဖုန်းနံပါတ်ကိုနှိပ်လိုက်သည်..။***On The Phone***
"Taehyung ah!"
"ပြော Park Jimin..ကျောင်းမလာတာဘယ်နှရက်ရှိပြီလဲ?"
"အဲ့ဒါကပြောမလို့ပဲ ကိစ္စလေးတစ်ခုရှိသွားလို့"
"အေးပါကွာ..အခုဘာလုပ်ဖို့ဆက်သလဲပြော?"
"ကျောင်းဆင်းရင် စာပြန်ကြည့်ဖို့ မင်းလာခဲ့ပါလား လို့..ငါလိပ်စာကိုစာနဲ့ပို့ပေးထားမယ်"
"ဟုတ်ပြီ bye Jimin"
*****
ဖုန်းပြောပြီးတော့ဘေးမှာစိုက်ကြည့်နေတဲ့အစ်ကို့ကိုတွေ့လိုက်ရတယ် ။
"မင်.."
"ဗျာ?"
"စကားပြောရင်ဘာလို့အဲ့လိုနှုတ်ခမ်းလေးစူစူပြီးပြောတာလဲ?"
"ကျွန်တော်ကချစ်ဖို့ကောင်းတော့အဲ့လို အကျင့်လေးရှိတာပေါ့ ဟီး"
"ချစ်ဖို့ကောင်းလိုက်တဲ့ကလေးလေး.."
အစ်ကိုကျွန်တော်ဆံပင်ကိုလှမ်းဖွလိုက်တယ် ။
အစ်ကိုကသာရိုးရိုးလေးဆံပင်လှမ်းဖွတာ
ကျွန်တော်နှလုံးသားကတော့ခုန်ရလွန်းလို့ပေါက်ကွဲမတတ်ဖြစ်သွားတယ်အစ်ကိုရဲ့ ။
YOU ARE READING
Maybe I Can't Touch The Sky // 윤민
FanfictionYoonmin (Feat. Taekook) Can read with both Zawgyi & Unicode When MINYOONGI fell in with his fanboy PARKJIMIN What will happen to them? After all the twist and turns, will they be together? Start Date: March 18, 2019 End Date: July 20, 2020