15

1K 126 27
                                    

Zawgyi Below

Unicode

:The Next Day:
//Yoongi's POV//

မနေ့ကမင့်ကိုတောင်းပန်ပြီးပေးမယ့်
ပြန်တဲ့လမ်းတစ်လျှောက်
ကေားလည်းသေချာမပြော
အခုလည်း ခပ်တည်တည်နဲ့
သူများအိပ်ရာပေါ်လာအိပ်နေလေရဲ့

အဲလေ မှားလို့..သူများအိပ်ရာမှမဟုတ်ဘဲ
သူ့ကိုကိုအိပ်ရာသူအိပ်တာလေ

မျက်နှာလေးကိုသေချာကြည့်မိလိုက်တော့
ဖြူဖွေးနေတဲ့အသားအရည်နဲ့
ပါးဖောင်းဖောင်းလေး..
ပြီးတော့ နှင်းဆီရောင် နှုတ်ခမ်းဖူးဖူးလေး
ဆွဲနမ်းပစ်ချင်လိုက်တာ
မဖြစ်သေးပါဘူးလေ မနက်စောစောစီးစီးပဲရှိသေးတာ
နမ်းမိရင်းက ကျန်တာတွေဖြစ်သွားလိမ့်မယ်

/ယွန်းဂီသေချာကြည့်နေတာကြောင့်လားမသိ ရုတ်တရက်နိုးလာပြီး ယွန်းဂီကိုသေချာပြန်ကြည့်နေတဲ့ဂျီမင်/

"ဘာဖြစ်ချင်လို့လဲ?"

/နှုတ်ခမ်းကိုဆူထားပြီးမေးခွန်းထုတ်လာတဲ့
ဂျီမင်ကြောင့် နှလုံးခုန်နှုန်းတွေပါ
မမှန်တော့တဲ့ယွန်းဂီတစ်ယောက်
ဖြစ်ချင်ရာဖြစ်ဆိုပြီးဆွဲနမ်းလိုက်သည်/

"ဒီဆူနေတဲ့နှုတ်ခမ်းကိုနမ်းချင်လို့သိပြီလား?"

"ဟာ ခင်ဗျားကြီးကလည်း
ကျွန်တော့်ကိုနိုင်တယ်ဆိုပြီးလုပ်ချင်တာလုပ်နေတော့တာပဲ"

"တကယ်လုပ်ချင်တာကမလုပ်ရသေးဘူးကို"
တိုးတိုးလေးပြောလိုက်တယ်ဆိုပေမယ့်
အရမ်းကပ်နေတဲ့အတွက်ကြားသွားတယ်ထင်ပါရဲ့
မျက်နှာလေးနီရဲတက်လာတဲ့ မင်..

"ဘာတွေတွေးနေတာလဲ?
Date ကိုမလုပ်ရတာကြာလို့
လုပ်ကြည့်ချင်တယ်ပြောတာ"

"ဘာပြောနေလို့လဲ?
Date လုပ်မယ်ဆိုရင်တော့
ကျွန်တော်အကျႌသွားရွေးလိုက်ဦးမယ်"
ရှက်ကိုးရှက်ကန်းနဲ့ အဝတ်လဲခန်းဆီ
အကျႌသွားရွေးမယ်ဆိုပြီးပြေးသွားလေရဲ့

"တကယ်မနိုင်ဘူး ဒီကလေးနှယ့်"
တစ်ယောက်တည်းရယ်မိနေပြန်ရော
တကယ်ပါဒီကလေးကြောင့်ကိုယ့်မှာ
ပုံစံမျိုးစုံဖြစ်ရော..။

"ကိိုကို!"
အထဲကနေလှမ်းခေါ်လိုက်တဲ့အသံကြောင့်
ရုတ်တရက်လန့်သွားမိသည်
ကိုကိုတဲ့လား

Maybe I Can't Touch The Sky // 윤민Where stories live. Discover now