8

996 134 4
                                    

Zawgyi Below

Unicode

***Time Skip***
***Yoongi's POV***

ဒီနေ့ မင် လည်း ကျောင်းသွားလို့
အိမ်မှာတစ်ယောက်တည်းရှိနေတာနဲ့
အဖေ့ဆီသွားဖို့စဉ်းစားမိတယ်
ဟုတ်တယ်..အခုချိန်သွားရမှာ
မင် မရှိတဲ့အချိန် မသိအောင်သွားတာ
စိတ်အချရဆုံးပဲ..။

******

အဖေ့ရုံး ကိုတော့ရောက်လာပြီ
အရှေ့ကအတွင်းရေးမှူးမလေးက
အဖေသူ့အခန်းထဲရှိတယ်ဆိုလို့
ကိုယ့်ဘာသာသွားပြီး
ယဉ်ကျေးမှုအရတံခါးခေါက်ကာ
အထဲကိုဝင်သွားလိုက်သည်..။

"Appa.."
ရုံးခနထဲကထိုင်ခုံမှာအတည်တကျထိုင်နေပြီး
စာရွက်စာတမ်းတွေဆီကမျက်လုံးမခွာဘဲနေနေတဲ့
အဖေကိုတွေ့လိုက်ရတယ်

ဘာစာရွက်တွေပါလိမ့်?
ဟင်..? မင် မူးတုန်းကပုံတွေ!?

"ဘာလိုချင်လို့လဲ မင်ယွန်းဂီ?"
ဖြေးဖြေးချင်းစာရွက်တွေပေါ်ကမျက်လုံးခွာပြီး
အေးတိအေးစက်အကြည့်တစ်ချက်နဲ့အတူမေးလိုက်တယ်..။

"Appa ကလည်းဗျာ..
ကိုယ့်သားတစ်ယောက်လုံးလာတာကို"
Gummy Smile လေးကိုပြရင်
မျက်နှာချိုသွေးလိုက်ရသေးသည်

"မင်းလာတဲ့အကြောင်းအရင်းငါသိသလိုပဲနော်?"
သိထားတယ်ဆိုတာတော့သိတာပေါ့အဖေရာ
အဖေကမသိတာမှမရှိဘဲ..

"အကြောင်းအရင်းရှိမှလာရမှာလား Appa ကလည်း
သားကအဖေဆီလာတာလာလို့ရတာပဲကို"
အဖေ့အနားကိုနည်းနည်းကပ်သွားကြည့်တော့
*Personal Information Of Park Jimin!?*
အဖေဘာတွေလုပ်ဦးမလို့လဲ???
လန့်သွားတဲ့အချိန်ခဏမှာပဲ
အဖေကခပ်တည်တည်နဲ့ဖိုင်ကိုပိတ်လိုက်တယ်..
တိတ်ဆိတ်နေတဲ့အခန်းမှာ ချပ်ကနဲထွက်သွားတော့တာပေါ့

"ဟုတ်ပါပြီ အဲ့လိုဆိုပါတော့.."
တစ်ခုခုကိုသဘောပေါက်လိုက်တဲ့အပြုံးနဲ့
လေသံတစ်ဝက်ရောကာပြောလိုက်တဲ့စကားသံက
ပဲ့တင်သံတွေနဲ့အတူမသင်္ကာစိတ်ရဲ့အသံတွေရောနှောလို့ပေါ့

"Appa.."
တိတ်ဆိတ်မှုကိုဖြိုခွင်းလိုက်တဲ့ ယွန်းဂီအသံ..

"အင်း?"
စိတ်ကိုမဝင်စားတဲ့အသံနဲ့
ပြန်ဖြေသံကိုကြားလိုက်ရတယ်"

Maybe I Can't Touch The Sky // 윤민Where stories live. Discover now