Part1

429 7 3
                                    

နွေရာသီ အခါသမယ ဖြစ်​​သော​ကြောင့်​ ​​နေ့ခင်းဘက်​ ​လေပြင်းများ တိုက်​ခိုက်​​နေ​သော အချိန်​ဖြစ်​သည်​။တခါတခါ ​လေ​ပွေ​သေး​သေး​လေး​တွေ တိုက်​ခတ်​တတ်​၏။..​ကောင်​​လေးတ​ယောက်​.. အိမ်​ထဲမှ.. အပြင်​ဘက်​ကို ​ငေးကြည့်​​နေမိ၏။...

.. သား​ရေ.... ​အောက်​ထပ်​ကို လာပါအုန်း​ ​ပြောစရာရှိတယ်​..

.. .​အ​မေ့ရဲ့​အော်​​ခေါ်သံ​ကြောင့်​.ပြာပြာသလဲ ပြတင်း​ပေါက်​ကို​ပိတ်​ပြီး.. ​ခြေ​ထောက်​ကျဲကျဲ ဖြင့်​ ဆင်းလာခဲ့​တော့သည်​။..

.. ...​အ​မေ ဘာဖြစ်​လို့လဲ

.....သားက ဒီ​နေ့ဆို ၉ တန်း​အောင်​ပြီ​လေကွယ်​..
နောက်​ဆို ၁၀တန်း တက်​ရ​တော့မှာ.. အရမ်း​​အ​ရေးကြီးလို့. သားကို​ဘော်​ဒါထားဖို့ တိုင်​ပင်​တာ..သား..

က​လေး ဘလိုသ​ဘောရလဲ.. '*

ခပ်​ဝဝ..ဆံပင်​ က ခပ်​တိုတို ပ​လေကပ်​ ဝတ်​ထား​သောလူတ​ယောက်​က လှမ်း​ပြောလိုက်​သည်​။

အော်​ ​မေ​မေ ​မေ့​နေတာ.. ဒါ သားအ​ဖေရဲ့ မိတ်​​ဆွေ ​လေ ​ကျောင်းဆရာ.. သား..

...​အော်ဟုတ်​ကဲ့.....

...ဆရာ ဒါကျွန်​မသား. ထက်​​ဝေယံရှိုင်း...

... နာမည်​ က မိုက်​လှချည်​လား...

ဟုတ်​ကဲ့.. သူ့​အ​ဖေ ​ပေးထားတာပါ

.. အဲ့ဆို ကျွန်​​တော်​ လိုအပ်​တာ​တွေ ပြင်​ လိုက်​​တော့မယ်​.. ပြန်​ခွင့်​ပြုပါအုန်း​ဗျာ...

...​ခြေသွက်​သွက်​ဖြင့်​ ကားဆီသို့ သွားပြီးပြန်​​တော့သည်​။..

ထက်​​ဝေယံရှိုင်းက အရွယ်​နဲ့ မလိုက်​ ထွား၏။အရပ်​မြင့်​မြင့်​ အသားက ခပ်​လပ်​လပ်​.. သူ့ရဲ့စို​ပြေလှတဲ့ မျက်​လုံး..မဲ နက်​ရှည်​လှ​သော မျက်​ခုံး..ရယ်​ လိုက်​လျှင်​ သွားတက်​​လေးပါ​သော​ကြောင့်​ ရုပ်​ကို​တွေ့လိုက်​လျှင်​ မြင်​သူတိုင်း.. ခင်​ကြသည်​။... ဆံပင်​ကိုလည်း သပ်​သပ်​ရပ်​ရပ်​ အမြဲ လုပ်​ထား​သော​ကြောင့်​ မျက်​နှာ မှာ အမြဲရှင်းလင်း​နေသည်​။.

အချစ်​စစ်​သည်​သာWhere stories live. Discover now