Part19

69 4 0
                                    

လမင်းကြီးက​တော့သာဆဲပင်​ဖြစ်​သည်​။အာကာတစ်​​ယောက်​ ​စိတ်​​အေး​ပေါ့ပါးစွာ ​ထိုင်​​နေသည်​။ ဒန်းရဲ့ ​နေရာမှာ မီး​ရောင်​ရိမ်းရိမ်း​လေးမျှ အလင်း​ရောင်​ကျ​​ရောက်​​နေသဖြင့်​ အနည်းငယ်​ ​မှောင်​​နေသည်​​။.. ထိုအချိန်​ လ​ရောင်​​အောက်​မှာ အာကာရှိရာ ဒန်းဆီဦးတည်​လာ​သော သူကားလပြည့်​ဝန်းပင်​ဖြစ်​သည်​။

" ​မင်းကကြို ​ရောက်​​နေတာလား"...

" ​အေး ဘယ်​မှာလဲ မင်းဖွင့်​​ပြောမဲ့သူဆိုတာ"..

အာကာ့ရဲ့ အ​မေးကို သူ ပြန်​မ​ဖြေ။အာကာရဲ့ ​ဘေးရှိ ကွက်​လပ်​​နေရာ​လေးတွင်​ သူ ထိုင်​လိုက်​သည်​။..

" ငါ​မေးတာ ​ဖြေပါအုန်းဟ ဘယ်​မှာလဲ"

" ​အေး သူ ​ရောက်​​နေပါပြီ"..

" အဲ့ဆို မင်းလွတ်​လွတ်​လပ်​လပ်​ဖွင့်​​ပြော ငါ​ရှောင်​​ပေးမယ်​"...

မတ်​တပ်​ထရပ်​လို်က်​​သော အာကာ့ကို လပြည့်​ဝန်းလက်​လှမ်း ဆွဲလိုက်​သည်​။

" မလိုပါဘူးကွာ မင်းထိုင်​သာထိုင်​ပါ"...

သူ့​ဘေးနားသို့ပြန်​ဆွဲ​​ဆောင့်​လိုက်​သည်​။

" ငါ ငယ်​ငယ်​တည်းက ချစ်​ရတဲ့ သူက အခြားသူ မဟုတ်​ဘူးကွ"..

" အဲ့တာဆို ဘယ်​သူလဲ"..

အာကာ့ ရဲ့ ဒုတိယ ​မြောက်​အ​မေး ကိုလည်း သူ ပြန်​မ​ဖြေနိုင်​။.. ရင်​ထဲက​နေအသံ ပါးစပ်ဖျားမှ အပြင်​ဘက်​သို့​ရောက်​​အောင်​ သူ ​ပြော ရမှာတွန့်​ဆုတ်​​နေခဲ့သည်​။..

" မင်းကို ​မေးရတာ ကျပ်​လိုက်​တာ.. ဘာ​တွေဖြစ်​​နေတာလဲ မြန်​မြန်​ ​ပြောစမ်းပါဟ"

အာကာရဲ့ ​လေသံ မဆိုသ​လောက်​ မာသွားသည်​။ အဲ့ခါမှ သူ မရရ​အောင်​​ပြောရ​တော့သည်​။..

" ငါ.. ငါ.... ငယ်​ငယ်​ကတည်းက ချစ်​ခဲ့ရတဲ့သူက အခြားသူ မဟုတ်​ဘူး..."

အာကာစိတ်​ဝင်​တစား လပြည့်​ဝန်းရဲ့ ပါးစပ်​ကို ကြည့်​​နေခဲ့သည်​။...

" အာကာ ရှိုင်း ဆိုတဲ့ မင်းပါပဲကွာ"..

ရုတ်​တရက်​ ​ အာကာ မျက်​လုံး အပြူး သားနဲ့ လပြည့်​ဝန်းကိုစိုက်​ကြည့်​​နေခဲ့သည်​။အာကာ​ခေါင်းငုံ့သွားပြီး ​နောက်​မှ ပြုံးစိစိပြန်​လုပ်​ကာ..

အချစ်​စစ်​သည်​သာWhere stories live. Discover now