Part16

64 5 0
                                    


  တ​ရွေ့​ရွေ့လှုပ်​ရှား​နေ​သော တိမ်​တိုက်​ထုကြီးအ​ပေါ်ဝယ်​.. ဝင်းဝါ​တောက်​ပလွန်း​သော ​သူရိန်​ ​နေလုံးကြီး​တောင်​ ထွက်​​ပေါ်လာခဲ့​ပေသည်​။..

"ကျီကျီ ကြာကြာ" အသံ​လေးများနဲ့.. ​​ ငှက်​က​လေး​တို့ကလည်း.. တိုက်​ထပ်​အိမ်​အ​ရှေ့ ဝရန်​တာမှာ ချိတ်​ဆွဲထား​သော.. အိမ်​​သေး​သေး​လေး. အထဲ မှ​အော်​မြည်​​နေပါသည်​။.... မနက်​၇ နာရီ​လောက်​ဖြစ်​၍...လူသွားလူလာ​တော့ အနည်းငယ်​ရှိသည်​။.. ​ဈေးဝယ်​သူများ... အလုပ်​သွားသူများ အစသဖြင့်​.. လူမျိုးစုံ သွားလာလှုပ်​ရှား​နေကြသည်​။....ထိုစဉ်​.. ပြတင်း​ပေါက်​ ကို​​ဖြေး​ဖြေးသာသာ တွန်းဖွင့်​လိုက်​သည်​။...မနက်​ခင်းဖြစ်​​ပေမဲ့လည်း.. ​ဆောင်းတွင်း​ရောက်​​ပြီမို့.. ​လေ​ပြေ​လေးက.. တိုးဝင်​လာသည်​။...

တိုးဝင်​လာ​သော ​လေ ကို.. အာကာတ​ယောက်​.. အဝရှူ လိုက်​သည်​။... သူမျက်​လုံး​တွေက.. တည်​ငြိမ်​​နေသည်​။.. ပြာလဲ့ဖြူ ​နေ​သော. တိမ်​တိုက်​​တွေအ​ပေါ် သို့ ပင်​ သူဦးတည်​ကြည့်​​နေသည်​။...အိမ်​အ​ဆောင်​က.. အ​ပေါ်ထပ်​မှာ ဖြစ်​​သော​ကြောင့်​... ​ကောင်းစွာမြင်​ရပါသည်​။..သူဘာမှ​တော့..မလုပ်​​သေးပါ။... ဒီအတိုင်း.. တိမ်​တိုက်​​တွေ ကို ​ငေးကြည့်​​နေဆဲပင်​။...

သူရင်​ထဲမှာ တခုခု ဟာတာတာ ဖြစ်​သလို ခံစား​နေရသည်​။..​သေချာတာက​တော့.... ​ဝေခွဲမရတာပင်​တည်း။...သူ.ညက ကိစ္စ​တွေကို ပြန်​စဉ်းစားမိ၏။...

"ငါ.. ငါ့ကိုယ်​ကို ​ဝေခွဲမရပါလား"...

သူ​ကောင်းကင်​ကို ကြည့်​​နေဆဲပင်​ ခပ်​ပဲ့ပဲ့တိုးတိုး အသံ​လေးဖြင့်​ ပါးစပ်​မှ ထွက်​ကျလာခဲ့သည်​။..ကြည့်​​နေရင်းပင်​၊.. နှလုံးရှိရာ ရင်​ဘတ်​ပိုင်းသို့ ဖိကာသူစဉ်းစားပြန်​သည်​။..

" ငါ... တခုခု​တော့ တခုခုပဲ..ငါ.. ဘာဖြစ်​​နေတာလဲ..."..

သူ အ​ဖြေရှာလို့မရပြန်​။. သူ ထပ်​စဉ်းစားလိုက်​သည်​။.. ​နောက်​​တော့ အ​ဖြေရသွားဟန်​တူသည်​။.. မျက်​စိမှိတ်​ကာ ငြိမ်​​နေ၏။..

" ငါ.. ​သေချာတာက​တော   ကို​ဝေယံ အ​ပေါ်မရိုးသားတဲ့ စိတ်​​​ဖြစ်​​နေပြီ။.. ဒါ​ပေမဲ့.. ဒါဟာ မဖြစ်​သင့်​ဘူး​လေ...ငါတို့က.. သူငယ်​ချင်း​လေ.. ​နောက်​ပြီး..သူက သင်းသီရိနိုင်​ ရဲ့ အ​ဖြေ ကို ရပြီးတဲ့  သူ​လေ... သူချစ်​တဲ့ သူကလည်း ​သီရိပဲ​လေ"...

အချစ်​စစ်​သည်​သာWhere stories live. Discover now