Part11

68 3 0
                                    

   ..​ဝေယံ အိပ်​ရာ တွင်​သာ.. နဖူး​ပေါ် လက်​တင်​ပြီး​မှေး​နေသည်​။.. ဆရာသန့်​​ဇော်​ဝင်း တို့ ချက်​ထား​သော ငါးသ​လောက်​​ပေါင်း ​ရဲ့ အရှိန်​ကြောင့်​နဲ့တူပါသည်​။.. မျက်​လုံး​က.. အိပ်​​ဆေးခတ်​သလို. ​လေးလံကာ. ဖွင့်​မရ​တော့သည်​အထိ. အိပ်​ချင်​​နေသည်​။... ​ဝေယံ. ဘ​လောက်​​အိပ်​​ပျော်​သွားခဲ့သည်​မသိ... ငါးသ​လောက်​စားထားတဲ့ အရှိန်​​ကြောင့်​ ကျိန်း​စပ်​​လေးလံ ​နေ​သောမျက်​လုံးများကို.. သူမနည်းဖွင့်​ပြီး ကြည့်​လိုက်​ရသည်​။.

သူမျက်​လုံးကို.. ဖွင့်​ပြီး.. ​​ဘေးရှိ ပြတင်း​​ပေါက်​ကို သူလှမ်းကြည့်​မိသည်​။.စာအုပ်​တအုပ်​ကို ငုံ၍ဖတ်​​နေ​သော အာကာ့ကိုသူ လှမ်းမြင်​လိုက်​သည်​။. မမြင်​ချင်​မှအဆုံး  မျက်​နှာဖြစ်​သည်​။.. ဘာလို့ကြည့်​ လို့မရမှန်းလည်မသိ.. .

"ဟာ ကို​ဝေယံ နိုးပီလား.. ငါးသ​လောက်​အရှိန်​​နဲ့. အိပ်​သွားတာနဲ့တူတယ်​.."

"အင်းဟုတ်​တယ်​...ငါးသ​လောက်​ မစားခဲ့ရင်​ ​ကောင်းသား..အခု​တော့ ထပ်​အိပ်​ချင်​​နေတယ်.. မင်း​ရော. မအိပ်​ချင်​ဘူးလား.. "

"ကျွန်​​တော်​ က မအိပ်​ချင်​ပါဘူး.. အဲ့ဒီ အိပ်​​နေရမဲ့အစား. စာအုပ်​တအုပ်​အုပ်​ကို ဖတ်​တာ ပိုပြီးကို့အတွက်​ အကျိုး ရှိပါတယ်​.. "

သွားပြီ။ ​ဝေယံ အ​ကောင်း​ပြော ​နေတဲ့ကြားကပင်​။..
ပွင့်​ပွင့်​လင်းလင်း​​ပြောတတ်​​သော အာကာ ရဲ့ အကျင့်​​ကြောင့်​... သူအနာထိသွားသည်​။..

"​အေး.. မင်းဘာသာ ဘာပဲလုပ်​လုပ်​...ငါအိပ်​ချင်​​နေလို့ ​ရေချိုးလိုက်​အုန်းမယ်​.."

" အင်း. လန်းသွား​အောင်​​ရေသွား​ချိုးလိုက်​"

ဝေယံ အိပ်​ယာ က ထလိုက်​သည့်​ အချိန်​က ညဘက်​မှာပဲ ရှိ​နေ​သေးသည်​။. သူတို့ထမင်းစားတာက ၇နာရီ. အခုမှ. ၈နာရီ ခွဲပဲ ရှိ​သေးသည်​။. အိပ်​ချင်​လှ​သော ​ဝေယံ တ​ယောက်​ လန်းဆန်း​အောင်​​ရေချိုးဖို့.အခန်းထဲ က ထွက်​လာခဲ့​တော့သည်​။.. နှစ်​ခန်းတွဲ အပြင်​ဘက်​မှာ. ​ရေလုံအိမ်​သာ ရယ်​..​ရေချိုးခန်း ခန်း. နှစ်​ခန်း​ကို. ​ဘေးချင်းကပ်​​ဆောက်​ထား၏။..

အချစ်​စစ်​သည်​သာWhere stories live. Discover now