Part12

63 3 0
                                    

အချိန်​​တွေက ကြာမြင့်​ခဲ့​ပေသည်​။.. ​နွေရာသီဥတု က​နေ.. မိုးရာသီဥတုသို့​ရောက်​ခဲ့​လေပြီ။.. သူ့အချိန်​ မို့ .. အငြိုးနဲ့ရွာ​နေသလားပင်​။.. ညကတည်း​က ရွာတာ အာရုံတက်​အတိ မတိတ်​​သေး..

ထိုအချိန်​. ​ကော်​ဖီခွက်​​လေးကို ကိုင်​ကာ ​ရှေ့ထွက်​လာခဲ့​သော ​ဝေယံတ​ယောက်​ ...မနက်​စာ စား​နေသည်​ပင်​ဖြစ်​သည်​။.

မြန်​မြန်​ စားစမ်းပါဗျာ.. ​​ကျောင်း​ကို​စောသွားမယ်​.. ဒီ​နေ့ အသင်းက ကို​ဝေယံရယ်​ ကျွန်​​တော်​ ရယ်​​ပါတယ်​​နော်​..

အာကာက​တော့ အရင်​လို ကို​ဝေယံ လို့ပဲ​ခေါ်သည်​။. မင်းနဲ့ ငါ လို့​မ​ပြော။.. အသက်​တနှစ်​ ကြီး​သူ ၊ သူ့ထက်​အသက်​ကြီးသူ မည်​သူမဆို ယဉ်​​ကျေးစွာ​ပြောတတ်​၏။..

ခါးသက်​​သက်​​ကော်​ဖီ ကို လည်​​ချောင်း ထဲသို့ ​မော့ချလိုက်​သည်​။.. ပူ​နွေးလှသည်​မို့ လည်​​ချောင်းတဝိုက်​​အေးရာက​နေ ပူ​နွေး​နွေး ဖြစ်​သွားသည်​။..

အချိန်​ ​တွေ ကြာခဲ့သည်​မှာ အမှန်​ပင်​ဖြစ်​ပါသည်​။... သူတို့နှစ်​​ယောက်​လုံး လည်း.. သူငယ်​ချင်းဖြစ်​သွား၍ ခင်​ကြ​လေပြီ။. ဒါမဲ့..​ဝေယံ က စာနဲ့ ပတ်​သက်​ရင်​​တော့ အာကာ့ကို အရင်​လို လိုက်​ပြိုင်​​နေဆဲပင်​။....

ယူထားတဲ့ ဘာသာရပ်​ကတူတူပင်​ဖြစ်​​သော်​​ကြောင့်​ တခန်းတည်းသာ အတူတူ ကျသည်​။.သို​ပေမဲ့.. စာ​တော်​ ​သောအာကာမှာ ..တခန်​လုံးရဲ့ ပါးစပ်​ဖျားမှာအမြဲ ရှိ​နေသူဖြစ်​သည်​။.​ဝေယံ လည်း အရင်​ကထက်​ ပို၍ ကြိုးစားပါသည်​။.. အာကာ့ထက်​​တော့ ​သူ​မ​ကျော်​နိုင်​။.​ကျောင်းဆရာ ဆရာမ များ၏ ပါးစပ်​ဖျားမှာအမြဲ အာကာ့ နာမည်​ပင်​။...

.. ထက်​​ဝေယံရှိုင်း စိတ်​ဝင်​စား​သော ​ကောင်​မ​လေး.. ဇီဝ​ဗေဒ ယူထားသဖြင့်​ သူတို့နဲ့​တော့. အခန်းတူတူ မကျ ။.. မုန့်​စားဆင်းချိန်​လိုလို ​ဝေယံ သွားကြည့်​တတ်​သည်​။. စကားသွား​ပြော​တတ်​သည်​။.. ဒါဟာ​ဝေယံရဲ့ တဖက်​သက်​အချစ်​​ပင်​တည်း။. သူ ​ကောင်​​မ​လေးကို​တော့ ဖွင့်​မ​ပြောရဲ။. သတ္တိလည်း မရှိ။. ဒီအတိုင်းကြိတ်​ကာ ချစ်​​နေရ၏။..အမြဲ လိုလို ​ဝေယံတ​ယောက်​..မုန့်​စားဆင်း​ချိန်​ သီရိ အခန်းဘက်​သို့​ရောက်​​နေတတ်​၏။..

အချစ်​စစ်​သည်​သာWhere stories live. Discover now