Part10

77 3 0
                                    


အ​မှောင်​ ထုသယ်​​ဆောင်​​သော. ညဘက်​​ရောက်​​​​​​ပေသည်​။.. လ​​ရောင်​ဝင်းလဲ့​သော ည​လေး တည ဖြစ်​​နေ၏။.. ​ဝေယံ အ​ရှေ့ ဝရန်​တာ မှာ ထွက်​ထိုင်​​နေမိသည်​။.. ပြင်​ဦးလွင်​ က နဂိုကတည်းက အ​အေးဓာတ်​ရှိ၏။. ​အေးစိမ့်​လှ​သော.​လေ​တွေက သူ့ ​ဖြောင့်​ဆင်း​နေ​သော. ဆံပင်​ကြား​တွေထဲမှာ တိုး​ဝှေး လည်​ပတ်​​နေ​တော့သည်​။..

... လှန်မတင်​​ထား​သော​ကြောင့်​. ဆံပင်​သားမှာ.နဖူးတဝိုက်​မှစသည်​မျက်​ခုံး မထိတထိ .. ကျဆင်း​နေ​တော့သည်​။.. ​လေ​အေး​တွေ ကလည်း တိုး​ဝှေ့ ​နေ​သော​ကြောင့်​ ယိမ်းနွဲ့ ကသလို သူ့ ဆံသား​လေး​တွေက.. လှုပ်​ခတ်​​နေ​တော့သည်​။..

ကိုရီး.. ​ဝေယံ ဆရာက ညစာ စားမယ်​တဲ့..

ခပ်​​အေး​အေး  အသံ​လေးကိုသူကြားလိုက်​ရသည်​။. မကြားချင်​ဆုံး အသံဖြစ်​သည်​။. အဲ့အသံ ကြား လိုက်​သည်​နဲ့ သူ. ဘယ်​လိုမှန်း မသိ . စိတ်​ထင့်​ သွားရသည်​။..

လာခဲ့မယ်​.. ​နောက်​ပီး မင်းက. ငါ့ထက်​တနှစ်​ပဲ ငယ်​ ​တာ ငါနဲ့ မင်းနဲ့ပဲ​ပြော.. ကိုရီး လို့မ​ခေါ်နဲ့.

ဟုတ်​ကဲ့.. ​ဖွေးဥ​လှ​သော ​ ​​ခြေထောက် ​အထက်​မှာ ​ဘောင်းဘီ အတို​လေး ဝတ်​ထား​သော အာကာ အ​ရှေ့ က​နေ. ဆင်းသွား၏။..

ဘလို ဖြစ်​လို့လဲ အာကာကို . သူ ကြည့်​ မရတာ လဲ . ဆို​သော.အ​တွေးကို သူ ပြန်​စဉ်းစားမိ၏။..
နောက်​​တော့. စာပို​တော်​တဲ့ အ​တွေးဆိုတာ ဝင်​လာ၏။.

ည​နေက.. အ​ပေါ်ထပ်​ လိုက်​ပြ​တော့.. အာကာ စာဖတ်​​နေတာကို သူ​တွေ့ လိုက်​ရသည်​။.. ဘာစာ​တွေလဲ ဟု.. စပ်​စုစိတ်​ မွှန်​​နေ​သော ​ဝေယံ မရဲတရဲ လှမ်းကြည့်​ လိုက်​သည်​။.. ​နောက်​ပြီး...

'' အလကား.. စာဖြင့်​ မသင်​ရ​သေးဘူး.. အင်္ဂလိပ်​ကဗျာ​တွေ ကြိုဖတ်​​နေတယ် အဲ့ ဘဲ​လေး ဆရာကြီး ကျ​နေတာပဲ.. ''

အဲ့ကတည်း က ကြည့်​မရလာ ခြင်းဖြစ်​သည်​။. အခု ည​နေည စာစား​တော့မည့်​ အထိပင်​။

.. နဂိုအိမ်​မှာ ကတည်းက. စာပို​တော်​တဲ့ သတင်းက.. ကြားခဲ့ရ၏။. အခုလိုမျက်​မြင်​​တွေ့​တော့. ပို့လို​တောင်​ အမြင်​ ကပ်​ရသည်​။

အချစ်​စစ်​သည်​သာNơi câu chuyện tồn tại. Hãy khám phá bây giờ