Part20

65 5 0
                                    

လမ်းတစ်​​လျှောက်​ တိတ်​ဆိတ်​လျှင်​ပင်​။ ​မောင်းခဲ့​သော တစ်​လမ်းလုံးမှာ ကားစက်​သံမှ လွဲ၍ဘာမှမကြားရ။အိမ်​ပြန်​​ရောက်​​တော့ ၂နာရီထိုး​နေပြီဖြစ်​သည်​။ သီရိကို လက်​ပြနှုတ်​ဆက်​၍ ​ဝေယံတို့နှစ်​​ယောက်​ အိမ်​ထဲ သို့ ဝင်​ခဲ့သည်​။သူတို့နှစ်​​ယောက်​ လက်​​ဆေး ​ခြေ​ထောက်​​ဆေး အင်္ကျီ လဲပီး အိပ်​ယာသို့ဝင်​ခဲ့သည်​။ဆရာကလည်း ပြန်​မလာ​သေးတာမို့ တစ်​ခန်းတည်း​တူတူ​အိပ်​​နေရ ခြင်းဖြစ်​သည်​။

ညတာကား တိတ်​ဆိတ်​လှ၏။ နာရီသံ ကို ကြားရသည်​။ ဒီအချိန်​မှာ အပ်​​သေး​သေး​လေးသာ ကျခဲ့လျှင်​ အသံကြားရ​တော့မည့်​ အ​နေထားဖြစ်​သည့်​အထိ တစ်​ညတာ သည်​ တိတ်​ဆိတ်​ လွန်းလှသည်​။###

သီရိတ​ယောက်​ .. ​ခြေလက်​​ဆေး၍ အိပ်​ယာ သို့ဝင်​ခဲ့သည်​။ သူ အိပ်​တဲ့​နေရာမှာ ကုတင်​​လေး​တွေက နှစ်ထပ်​ဆင့်​ ကုတင်​​လေးဖြစ်​​​သော​ကြောင့်​ သူ အထပ်​က အ​ပေါ်ဆုံး။သူလက်​တန်း ကိုင်​၍ အ​ပေါ်သို့တက်​လာခဲ့​တော့သည်​။ဘုရားဦးချ၍​သူ​ခေါင်းချခဲ့သည်​။သူ ​ဝေယံ နဲ့ အတူ ရှိခဲ့တဲ့ အချိန်​​တွေကို သူ ​တွေးမိပါသည်​။ ​တွေးရင်း​တွေးရင်း ပြုံး​လေ ပြုံး​လေ ဖြစ်​ရ၏။သူ့​ခေါင်း​ရင်းနားမှာ ထားထား​သော ဖုန်းကို ​ကောက်​ယူကာ Gallery ထဲ ဝင်​၍ သူ ပုံကြည့်​မိသည်​။...အာကာရိုက်​​ပေး​သောသူတို့နှစ်​ယောက်​​ပုံ​လေးကို ကြည့်​ပီး သူမခိုးတခို့ ရယ်​လိုက်​မိသည်​။သူလက်​က ​နောက်​ပုံ​တွေကို ​ရွေ့ရင်းနဲ့ပင်​ ​ဝေယံ နဲ့ အာကာတို့ တွဲရိုက်​​ထားတဲ့ ပုံဆီ ​ရောက်​သွားသည်​။သူ ဘာဖြစ်​လို့လည်း​တော့မသိ။ သူ အလိုလို ​ဒေါသ​တွေ ထွက်​​နေမိသည်​။ အံလည်း
ကြိတ်​ရင်းနဲ့ပင်​။

"ကို နဲ့ အာကာတို့ က ဘယ်​လို​တွေလဲ .. ရိုးသားကြရဲ့လား"..

သူ ထင်​တာလည်း မမှား​ပေ။ ဒီ က​နေ့ ညကပဲ သူ့​ရှေ့မှာ ​ဝေယံနဲ့ အာကာနှစ်​​ယောက်​သားကိုမျက်​​မြင်​​တွေ့ရခြင်းပင်​ဖြစ်​သည်​။သူ ယခုချက်​ချင်းပင်​ထ၍ ​ဖုန်းဆက်​​မေးလိုက်​ချင်​ပါသည်​။သို​ပေမဲ့ အိပ်​​နေကြပီမို့သူ စိတ်​ထိန်းလိုက်​ရသည်​။

အချစ်​စစ်​သည်​သာWhere stories live. Discover now