Part18

69 4 1
                                    

  ခါတိုင်း​လိုဘဲ ​အေးမြလှ​သော ​မနက်​ခင်း ​​လေ ​ပြေ​သည်​ ပြတင်း​ပေါက်​ သို့ ဝင်​၍ ​ရောယှက်​ တိုက်​ဝင်​လာသည်​။.. နိုး​နေကျအချိန်​ ၊ ထ​နေကြ အချိန်​ဖြစ်​​သော​ကြောင့်​ အာကာတ​ယောက်​ နိုး​နေပြီဖြစ်​သည်​။.. ​ဝေယံ က​တော့ ​မ​နေ့က ပင်​ပန်းထားတဲ့ အရှိန်​​ကြောင့်​ မထနိုင်​​သေးပါ။ အိပ်​​နေတုန်းပင်​။...

အာကာက ထုံးစံ အတိုင်းမနက်​စာ  ပြင်​ဆင်​​ပေးထားသည်​။.နာရီ လက်​တံ က ၈ သို့ ဦးလှည့်​ သွား​သည်​။ ​ဝေယံ လည်း အိပ်​ယာ က​နေထပီဖြစ်​၏။..

"ဟာ ကို​ဝေယံ နိုးပီလား"..

"​အေး... "..

" ဒီ​နေ့လည်း ၉နာရီ ထိ မအိပ်​ဘူး ​စောနိုး​သားပဲ"..

"​အေး ငါအကျင့်​​တွေ ပြင်​ ​နေတယ်​... စာ​မေးပွဲနီး ပီ​လေ ​နောက်​ဆို ၅နာရီကထပီး စာလုပ်​ရမှာ "..

" မဆိုးဘူး.. ပြင်​သင့်​တယ်​ ကို​ဝေယံ"..

"အာကာ ... မင်းသူငယ်​ချင်း လပြည့်​ဝန်း​မွေး​နေ့က ဘယ်​န နာရီတုန်း"..

" ည ဘက်​ ၇ နာရီက​နေ ၂နာရီထိတဲ့... ပါတီလို လုပ်​တာဆို​တော့ မိုးလင်းအထိ ထင်​တယ်​"..

" ဟာ ဟုတ်​လှချည်​လား ကစ်​လို့ ရတယ်​​ပေါ့"..

" အင်း ကစ်​ လို့ ရ​အောင်​ ဝိုင်​​တွေ ဘီယာ​တွေ လည်း ပြင်​ထားတယ်​တဲ့"

" သူ့မိဘ​တွေ က သားသမီး ​တွေကို ခွင့်​ပြုတာပဲလား"...

" ​မဟုတ်​ဘူးကို​ဝေယံ သူ့မိဘ​တွေ က ကို​ဝေယံ​တို့လို ရန်​ကုန်​မှာ ​နေတာ​လေ... ဒါမဲ့ပြင်​ဦးလွင်​ မှာ လုံးချင်း တိုက်​တစ်​လုံး မနှစ်​ကမှ ဝယ်​လိုက်​တာ.."

" ​အော်​ "

" သူ့မိဘ​တွေရဲ့ အလုပ်​ကိစ္စက ရန်​ကုန်​မှာဆို​တော့ရန်​ကုန်​မှာ ​ပဲ ​နေဖြစ်​ကြ​တယ်​။ ဒီပြင်​ဦးလွင်​က အိမ်​ကျ​တော့​​နွေရာသီပူ တဲ့အချိန်လာ​နေကြတာ

" လပြည့်​ဝန်းက​ရော အဲ့မှာ ဘာလို့ မ​နေတာလဲ"..

" သူ့ကို ပျက်​စီးမှာစိုးလို့ ​အဲ့မှာ တ​ယောက်​တည်း မ​နေခိုင်းဘဲ ​ဘော်​ဒါ ​နေခိုင်းတာ"

အချစ်​စစ်​သည်​သာWhere stories live. Discover now