Part14

58 3 0
                                    


အတွန့်​လိုက်​.. အလိပ်​လိုက်​တက်​​နေ​သော တိမ်​​တွေ​ကြောင့်​ မနက်​ခင်း​မှာ. မို့မှိုင်း​နေ​တော့သည်​။မိုးနံ့သင်း​နေ​သော ​လေ​​ပြေ​လေး​တွေက.. ​ဝေယံတို့ ​အ​ပေါ်ထပ်​.. အိပ်​ရာခင်း​ရှိရာသို့ ​ဝှေ့ဝင်​လာ​တော့သည်​။ဒီက​နေ့က ​ဝေယံတို့ ​ကျောင်း ပိတ်​ချိန်​ဖြစ်​ပေ​၏။...​ကျောင်းပိတ်​​သော​ကြောင့်​.. အခုချိန်​ထိ​တော့ ​ဝေယံ မနိုး​သေး​ပေ။..

ရေချိုးခန်းထဲက.. ​ရေချိုးသွားတိုက်​၍ ထွက်​လာ​သောသူသည်​​အာကာပင်​ဖြစ်​​ပေသည်​။ရေစက်​​ရေ​ပေါက်​က​လေး​တွေ..သူရဲ့ ခန္ဓာ ကိုယ်​မှ​​..အ​ကြောစိမ်း​လေး​တွေ​ မြင်​ရ​လောက်​​အောင်​ ​ဖွေးဥလှ​သော​ခြေသလုံး​လေး​တွေ​ပေါ်​ဖြေး​လျှောကျဆင်း​နေသည်​။သုတ်​သပ်​ရက်​လုပ်​ပြီး.. အာကာသူ့အခန်းထဲ ဝင်​လာခဲ့​တော့သည်​။ဗီဒိုထဲကအဝတ်​စားယူဝတ်​ခဲ့၏။..

"ဟာ..ကို​ဝေယံ မနိုး​သေးဘူးထင်​တယ်​...​ကျောင်းပိတ်​ရက်​ကို အ​သေကုန်​အိပ်​​​နေတယ်​."

အင်္ကျီစပို့ရှပ်​..လက်​တို အဖြူ ကို..​ဘောင်းဘီတို..အဖြူ ​လေးနဲ့ တွဲဖက်​ဝတ်​ထား၍...အသားဖြူ​ ​သောအာကာနဲ့ လိုက်​ဖက်​လှသည်​။ခပ်​ဖွဖွ​ခြေလှမ်းလှမ်းကာ ​ဝေယံအခန်းထဲသူဝင်​ခဲ့​တော့သည်​။...အခန်းထဲ ဝင်​ဝင်​ချင်းပင်​အိပ်​ရာ ကုတင်​ပေါ်မှာ..​ပက်​လက်​လှန်​အိပ်​​နေ​သော ​ဝေယံအားသူ​တွေ့ရ၏။..

" ကို​ဝေယံ ထ​တော့​လေ...9နာရီထိုး​နေပြီ"...

အိပ်​ချင်​မူးတူးအသံနဲ့ အာကာ့အမေး​ကို သူပြန်​​ဖြေ၏။..

" ဟင်​..မင်းကလည်း. အ​စောကြီးပါဟ... ​နေ​တောင်​မထွက်​​သေးဘူး"

"မဟုတ်​ဘူး....ဘယ်​ကသာအ​စောကြီး... 9နာရီထိုး​နေပြီ... မိုးအုံ​နေလို့ အ​စောကြီးထင်​​နေတာ"...

" ဟုတ်​လား သူ့ဘာသာ ဘယ်​နနာရီ ပဲထိုးထိုး. မထချင်​​သေးဘူးကွာ"...

ဝေယံ အပျင်း​ကြော​တစ်​​ခေါက်​ဆန့်​ကာပြန်​​မှေးသွား၏။..

" ထ​တော့... ဆရာတို့သူ့အ​​မေအိမ်​သွားတယ်​.... ဘသူ့မှမရှိဘူး"..

အချစ်​စစ်​သည်​သာWhere stories live. Discover now