Part28

28 3 0
                                    

.. စိုက်ပျိုးခြံ အနှံ့ပြားဖြတ်သန်းလာခဲ့သည်။
မနက်ခင်းဖြစ်ပေမဲ့ တောင်ပေါ်ဒေသမို့ လေပြေများတိုက်ခတ်နေသည်။အေးလဲအေးစိမ့်လှသည်။ဝေယံအတွက်တော့ အာကာ့ကိုတွေ့ချင်စိတ်ကပို၍ပြင်းထန်လာခဲ့သည်။တောင်ပေါ်လမ်းဖြစ်၍ တစ်ချက်ချက်...

မြေပြင်မညီညာမှုကြောင့် မောင်းလာတဲ့ဆိုင်ကယ်
မငြိမ်သက်ဖြစ်ရသည်။အကွေ့ကောက်များ၊ ကုန်းများဖြတ်သန်းလာခဲ့ပီးနောက်...လမ်းကွေ့လေးတစ်ခုတွေ့ရသည်။..

ဝေယံနဲ့ဆရာ ကျဉ်းမြောင်းတဲ့လမ်းကွေ့ထဲကွေ့ပတ်ဝင်ခဲ့ကြသည်။အနည်းငယ်ချိုင့်ခွက်ပေါ်တဲ့လမ်းကျဉ်းလေးကိုမောင်းခဲ့ရပီး။နောက်ကျယ်ဝန်းလှတဲ့ စိုက်ခင်းမြေတွေဖြစ်တဲ့ လမ်းကျယ်ဖြစ်သွားသည်။

ဆရာက နေကြာခြံရောက်တော့ဆိုင်ကယ်ကိုအရှိန်သတ်ရပ်လိုက်သည်။..

"လာ.. ဝေယံဒီကနေဝင်ကြရအောင်...''

သူတို့နှစ်ယောက် နေကြာပင်တွေကြားမှဖြတ်လာခဲ့သည်။လမ်းအနည်းငယ်လျှောက်ပီး ဘိလပ်မြေ၊ဆေးမသုတ်ဘဲနဲ့အကြမ်းဖျင်း ဆောက်ထားတဲ့ တစ်ထပ် အိမ်လုံးချင်းလေးကိုတွေ့လိုက်ရသည်။သို့ပေမဲ့အိမ်တံခါးသော့ခတ်ထား၏။..

" ဟာ အာကာရာ.. ကိုတွေ့ချင်ပါတယ်ဆိုမှဘယ်သွားနေတာလဲကွာ..''

ခြံတွင်းသို့ ပုဆိုးကွက်ကြားနဲ့ အမွှေးပွအနွေးထည်ဝတ်ပီး ခေါင်းစွပ်ဝတ်ထားသူ အသက်ကြီးကြီးလူတစ်ယောက် ဝင်လာခဲ့သည်။...

"ဟာ အဖိုးပါလား.....''

"ဟင်... မင်းရောက်နေတာလား...''

"ဟုတ်ကဲ့ ကျွန်တော့်အမ က ဒီကလေးကိုဒီလိုက်ပို့ခိုင်းလို့ ကျွန်တော်လာခဲ့တာ''

ဆရာက ဝေယံကိုမိတ်ဆက်ပေးလိုက်သည်။ဝေယံကပြန်ပြုံးလိုက်သည်။..

" အဖိုး အာကာရော ''....

"အာကာလား.....ဟိုမှာတွေ့လား.. အဲ့နေကြာပင်တွေ
ကြားကနေရာမှာထိုင်နေလေရဲ့''...

အဘိုးနေကြာပန်းတွေကြားလက်ညိုးထိုးပြလိုက်
တော့ ဝေယံခမျာ တုံ့ဆိုင်းမနေဘဲ ထွက်သွားသည်။
သူ့ခြေလှမ်းတွေသည်မြန်ဆန်နေခဲ့သည်။သူတွေ့ချင်ဇောနဲ့ နေကြာပင်တွေကိုလက်နဲ့ဖယ်ပီးလျှောက်လာခဲ့သည်။နေကြာပင်တွေရဲ့အဆုံးရောက်တော့
နေရာလပ်ကလေး။....

အချစ်​စစ်​သည်​သာWhere stories live. Discover now