Part13

65 3 0
                                    

.. မနက်​​စော​စော ဖြစ်​​သော​ကြောင့်​ .. ​ကျောင်းသွားမည့်​လမ်းက​လေးမှာ လူ​ခြေတိတ်​​နေ၏။... 15 မိနစ်​သာ​လျှောက်​ရ​သော လမ်း​​လေး​ဖြစ်​​ပေမဲ့.. သူတို့နှစ်​​ယောက်​.. နာရီဝက်​ကြာမှသာ​ကျောင်းကို ​ရောက်​ခဲ့သည်​။..

ကျောင်းမှာ.. ​လေးထပ်​အ​ဆောက်​အအုံဖြစ်​ပြီး. ကျယ်​ဝန်းလှ၏။..အထက်​တန်း​​ကျောင်းဖြစ်​သည်​။. အငယ်​တန်း​တွေမရှိ။. ကျယ်​ဝန်းလှ​သော ​ကျောင်းဝန်းက ဂရုတစိုက်​စိုက်​ပျိုးထား​သော ပန်းခက်​ပန်းပွင့်​များ နှင့်..ြ​ကည်​နူးစရာ​ကောင်းလှသည်​။

အ​ပြေးလွှားလာပြီး. အ​ပေါ်ထပ်​ကို ခပ်​သွက်​သွက်​တက်​လာ​သော နှစ်​​ယောက်​မှာ.​ဝေယံနဲ့ အာကာဖြစ်​သည်​။..

''​တော်​​သေးတာ​ပေါ့.. ဆရာမမ​ရောက်​​သေးလို့..''
အာကာ.က ​​မောတဝက်​အသံဖြင့်​​ပြော၏။..

''အဲ့တာ ကိုရီး​ကြောင့်​..ကို့ဘာသာလမ်း​​လျှောက်​တာမဟုတ်​ဘူး. အပျင်းကြီး​နေတာ.. ''

''မင်းကလည်း.... ငါ ခါတိုင်းဆို .အ​စောကြီးထတာမှမဟုတ်​တာ.. ​ကျောင်းတက်​ချိန်​၇နာရီဆို.ငါက ၆ခွဲ​ကျော်​မှထတာ။..ဒီ​နေ့ မင်း၅ခွဲ တည်း​က ငါ့ကိုနိုးတာ​လေ။''

'' နိုးရမှာ​ပေါ့... မ​နေ့က.ဆရာမ ​သေချာမှာထားတယ်​​လေ. ... အသင်းပါရင်​လည်း.လုပ်​တာမဟုတ်​ဘူး.. အိမ်​သာသွားမယ်​ ဆိုပြီး​ရှောင်​​နေတာပဲ..
မ​နေ့ကမှ ဆရာမ..သိလို့..အပြစ်​​ပေးတဲ့အ​နေနဲ့ ​စော​စောစီးစီးလာလုပ်​ခိုင်းတာ​လေ''

''ဟုတ်​ပါပြီ.. ​နောက်​ဆို အသင်းချိန်​ ​ရှောင်​မ​နေ​တော့ပါဘူးဗျာ..''

''​ရော့ တံမြက်​စည်း.... ​အပြင်​ဝရန်​တာလှဲ.... ကျွန်​​တော်​..အထဲ အတန်းဘက်​​တွေ လှဲမယ်​.''

တံမြက်​စည်းတ​ယောက်​တ​ချောင်းကိုင်​ကာ.. လှဲ​နေကြ​တော့၏။.. ​နောက်​အနည်း​ငယ်​ကြာ​တော့ ​ဆရာမ ​ရောက်​လာ၏။.. ​ဘယ်​​ကျောင်းသားမှ​တော့ မ​ရောက်​​သေး။..

'' ဟာ.. ​စော​ရောက်​​နေကြပါလား.. ''

ဆရာမက ဝရန်​တာ မှ ဝင်​လာလာခြင်း.​ပြောသည်​။.

အချစ်​စစ်​သည်​သာWhere stories live. Discover now