Chubby Baekmaid Part-1

14.2K 1K 88
                                    

Chubby Baekmaid

{Part-1}

ပြာလဲ့လဲ့ ပင်လယ်ပြာကို နောက်ခံထားကာ တည်ဆောက်ထားသော မြို့လေးတွင်ဖြစ်သည်။ ကိုရီးယားနိုင်ငံ၏ အရှေ့တောင်ဘက် Busan မြို့တွင်းရှိ Haeundae ကမ်းခြေဒေသဟာ လူဦးရေ လေးသိန်းလောက်နှင့်သာ တည်ရှိသော အရပ်ဒေသလည်း ဖြစ်သည်။

ထိုဒေသသို့ တက္ကသိုလ် ပထမနှစ်ကျောင်းသား Chanyeol လေးတို့ မိသားစု အပန်းဖြေခရီးနှင်ခဲ့ကြသည်။

မိသားစု လေးယောက်တွင် အငယ်ဆုံးသားလေးဖြစ်ပြီး Minseok ဆိုတဲ့ အစ်ကိုတစ်ယောက်ရှိသည်။ မိဘများ၏ နှစ်ပတ်လည်နေ့တိုင်း တစ်နှစ်တစ်ခါ ခရီးထွက်ဖြစ်ကြပြီး ယခု တစ်ခေါက်တွင်တော့ ဘူဆန်မြို့စွန်လေးက Haeundae ဒေသကို လာခြင်းဖြစ်သည်။

ရောက်နေတာ နှစ်ရက်ရှိပြီဖြစ်ပြီး သဘက်ခါဆို ပြန်ရမည်။ မိမိဘာသာ မိမိ အေးအေးဆေးဆေး နေတတ်သော အကျင့်စရိုက်ရှိသူ Chanyeol သည် စာဖတ်ခြင်း ၊ သီချင်းနားထောင်ခြင်း နှင့် ဓာတ်ပုံရိုက်ခြင်း ကို ဝါသနာပါသူဖြစ်သည်။

သူငယ်ချင်းဟူ၍ Sehun သာရှိသည်။

ခရီးထွက်သည်ဖြစ်စေ အိမ်တွင်နေသည်ဖြစ်စေ တစ်ဦးတည်းသာ သီးသန့်နေတတ်သည့် ခပ်အေးအေးစရိုက်သည် သူ့ကို လူမှုဘဝနှင့် မသိမသာ ဝေးကွာစေသည်။ ဒါကို သူလည်း သိသလို မိသားစုပတ်ဝန်းကျင်ကလည်း သိပေမယ့် မပြုပြင်။ ပြုပြင်ဖို့ ခဲယဉ်းသော အကျင့်ကို အတင်းအကြပ် ပြောင်းလဲရာမှာ အနည်းနဲ့အများတော့ စိတ်ပင်ပန်းတတ်ကြတယ် မဟုတ်လား။

အခုလည်း မိမိဗီဇအရ တစ်ယောက်တည်း အေးအေးဆေးဆေး အပြင်ထွက်ဖို့ပြင်တဲ့အခါ ကမ်းခြေ၌ ရေဘူးအခွံ ဘီယာဘူးအခွံတို့ လိုက်ကောက်နေသည့် ကောင်ငယ်လေးက ပင်လယ်ဘက်ကို လှမ်းကြည့်ရင်း ဤသို့ဆိုသည်။

" မကြာခင် မိုးသက်လေပြင်း ကျတော့မှာပဲ "

တီးတိုးရေရွတ်ရင်း ခဏအကြာ ဘူးအခွံများကို ခပ်နွမ်းနွမ်း အိတ်ထဲသို့ အလျင်အမြန် ကောက်ထည့်နေသည်။

ဘေးပတ်ဝန်းကျင်နှင့် ကောင်းကင်ကို ကြည့်လိုက်တော့လည်း သာယာကြည်လင်နေကာ မိုးရိပ်မိုးသား ကင်းစင်နေသည်။ ထို့ကြောင့် ထိုကောင်ငယ်လေးအနားကို ကပ်သွားလိုက်ကာ...

Chubby Baekmaid Where stories live. Discover now