Chubby Baekmaid Part-10

4.9K 907 42
                                    

Chubby Baekmaid

{Part-10}

အဝေးပြေးလမ်းမပေါ်မှာ တရွေ့ရွေ့သွားနေတဲ့ ကားလေးတစ်စီး

တတိယနှစ်စာမေးပွဲ ပြီးသည်နှင့် ကျောင်းပိတ်ရက်ရှည်ဖြစ်ရာ Chanyeol တစ်ယောက် သူ့ကလေးလေးနဲ့ အတူ ခရီးထွက်လာသည်။ သူတို့နှစ်ယောက် စတင် ဆုံဆည်းရာ busan မြို့က Haeundae ကမ်းခြေလေးကို ပြန်သွားနေခြင်းလည်း ဖြစ်သည်။

" ဘေဘီ...ရှုးပေါက်ချင်ပြီလား ? "

" ဟင့်အင်း.... ချာညိုး ! ဘတ်ခွန်းနီးက ဗိုက်ဆာလာတာ "

ကားမောင်းနေရင်း ရှုးပေါက်ချင်မှာစိုးလို့ လှမ်းမေးတဲ့အခါ ဗိုက်လေးလှန်ပြပြီး ဗိုက်ဆာသည်တဲ့လေ။

လူကြီးတွေနဲ့ဆို အဆင်ပြေပေမယ့် သူနဲ့ကျတော့ ခါးပတ်က အဆင်မပြေ။ လည်ပင်းနားမှာ ကြိုးရောက်နေပြီး ဗိုက်လေးက လုံးထွက်နေသည်။

" ခဏလေးပဲနော်...ဘေဘီ , ကိုယ် ဆိုင်တစ်ဆိုင်တွေ့ရင် ရပ်ပေးမယ် "

" အွန်း...အွန်း "

ပြောလိုက်တဲ့ ခဏ ၅ မိနစ်လောက် ငြိမ်သွားပြီး ငိုက်နေသည်မှာ ဇတ်လေးကို ကျိုးလို့၊ ခေါင်းလေးတစ်ခုလုံး ပြတင်းပေါက်ဘက်ကို ယိုင်နေပေမယ့် စိုးရိမ်စရာတော့မရှိ။ ခါးပတ်က သူ့ခေါင်းကို ထိန်းထားရာမှာ ကွက်တိပင်။

ရောက်ဖို့ ၂ နာရီလောက်အလိုမှာ ကော်ဖီဆိုင်တစ်ဆိုင် တွေ့သည်မို့ Chanyeol ကားပါကင် ယူလိုက်သည်။

ဘတ်ခွန်းနီးလေးက နို့ပဲ သောက်သည်မို့ ဒီလို ကော်ဖီဆိုင်ကိုသာ ရှာရသည်လေ။ အရပ်မထွက်ပေမယ့်လည်း နို့ကတော့ သောက်နေပါတယ်။

အခုတော့ စူပုတ်ပုတဲ့ အိပ်မောကျနေတဲ့ sleeping Beauty ဝတုတ်လေးကို နှိုးရမည်။

" ဘေဘီ.... ထ ရအောင်လေ , ဗိုက်ဆာတယ်ဆို "

လက်လေးကို အသာ ယူပြီး နှုတ်ခမ်းနားတေ့ကာ တဖွဖွနမ်းရင်း နှိုးနေတဲ့ Chanyeol.... သူ့ဝတုတ်လေးက ဒီလိုနှိုးတာကို ကြိုက်တယ်လေ။

" ဟင့်~~~ချာညိုး!!  အီအီး ... အီအီး ထွက်တော့မယ် "

အိပ်ချင်မူးတူးလေးနဲ့ မျက်လုံးမပွင့်သေးပဲ အီးထွက်ကျတော့မယ်ပြောတာကြောင့် Chanyeol တစ်ယောက် ဝတုတ်လေးကို ကော်ဖီဆိုင်ထဲ ပွေ့ချီခေါ်ရတော့သည်။

Chubby Baekmaid Where stories live. Discover now