Chubby Baekmaid Part-7

5.5K 907 104
                                    

Chubby Baekmaid

{Part-7}

ရေအောက်ကမ္ဘာက နန်းတော်မဟာတွင်ဖြစ်သည်။

သလွန်တော်ပေါ်မှာ လဲလျောင်းနေတဲ့ မိဖုရားကြီးဘေးတွေ မင်းကြီးနှင့် သားတော် Jongdae တို့ စိုးရိမ်ကြီးစွာ ထိုင်နေလျှက်ရှိသည်။

မင်းကြီး : " မယ်တော် သက်သာပါတယ် သားတော်ရယ်.... အရမ်းစိတ်မပူပါနဲ့"

"သားတော် မယ်တော့်ကို စိတ်မပူပဲ မနေနိုင်ဘူး ခမည်းတော်..... အခု အစားတောင် ဝင်အောင်မစားနိုင်ဘူးလေ "

သားစိတ်နဲ့ နာမကျန်းဖြစ်သွားရသူ မိဖုရားကြီးကြောင့် ရေအောက်ကမ္ဘာတစ်ခုလုံးလည်း ပူဆွေးသောက ရောက်နေရသည်။

ထိုအချိန် မိဖုရားကြီး မျက်လုံးဖွင့်ကြည့်လာကာ ဝမ်းနည်းပူဆွေးသံဖြင့် ....

" ရေအောက်ကမ္ဘာတစ်ခုလုံးလည်း အနှံ့ ရှာပြီးပြီ မင်းကြီး....အခုထိ အစအနတောင် မတွေ့ပုံထောက်ရင် တခြားငါးကြီးတွေကများ"

"အော်ဟော!! ငါ ကိုယ်တော်ရဲ့ သားတော် မင်းသားလေးမှန်း သိသိရက်နဲ့ စားရင် အရှင်လတ်လတ် ခုတ်ထစ်ပိုင်းဖြတ်ပစ်ဖို့ ဝန်မလေးဘူး "

" သားတော် စိုးရိမ်တာ တစ်ခုက ကုန်းပေါ်များ ရောက်သွားမလားဆိုတာပါပဲ "

အပူပေါ် အပူဆင့်ဆိုသလို ကုန်းပေါ်ရောက်သွားလို့တော့ လုံးဝမဖြစ်ပေ။

" ဒုက္ခပါပဲ....သားငယ်လေးတော့ ဒုက္ခရောက်နေလောက်ပြီ မင်းကြီးရယ်, လူသားတွေက ရေသူမျိုးနွယ်တွေဆိုရင် သိပ်မက်မောကြတာမလား .... ရှာပေးပါ....ကျွန်မ သားတော်လေးကို ရှာပေးကြပါ "

" ပျောက်သွားတာ ၉ လ ကျော် ၁၀ လနီးပါးတိုင်တိုင် ဖြစ်နေပြီ မိဖုရား....စိတ်ကို အတတ်နိုင်ဆုံးလျှော့လိုက်ပါ "

သူကိုယ်တိုင်လည်း ရင်နာနာနဲ့ ပြောရသည်မို့ မျက်တောင်သာ ပုတ်ခတ်ပုတ်ခတ် လုပ်နိုင်သည့် ခမည်းတော် ။

ပူဆွေးမှုနဲ့ ငိုတဲ့ မျက်ရည်ကသာ အဖိုးမဖြတ်နိုင်တဲ့ ပုလဲအဖြစ် ပြောင်းလဲသည်။ ထိုမျက်ရည်ဟာလည်း မိဖုရားကြီးသာ ကျဆင်းနေသည်မို့ နန်းတော်တစ်ခုလုံး ဝမ်းနည်းလောင်မြိုက်ရပါသည်။

Chubby Baekmaid Where stories live. Discover now