Chubby Baekmaid Part-11

4.8K 906 78
                                    



Chubby Baekmaid

{Part-11 }

"ခ်​ခ်​....ခ်​ခ်​ခ်​ "

အစိမ်း​ရောင်​ ​အ​ကြေးခွံတို့နှင့်​ အလှစီခြယ်​ထားတဲ့ အမြှီးကို နှံ့ကာ နှံ့ကာ ​ပျော်​မြူး​နေ​သော ဝတုတ်​​လေး။ ဗလကြီးနဲ့ ဝတုတ်​​လေးဖြစ်​သည်​မို့ အ​ပေါ်ပိုင်းဗလာနဲ့ ​ရေသူထီး​လေးဟာ ဗိုက်​​လေးကိုပူလို့ပင်​။
အိမ်​မှာ ​ရေချိုးရင်​လည်း ဒီလို ​ရေသူထီး​လေးဖြစ်​သွား​ပေမယ့်​ ယခုက ပင်​လယ်​​ရေမို့ ပို​ပျော်​​နေပုံရသည်​။

Haeundae ကမ်း​ခြေက​နေ စက်​လှေဖြင့်​ တစ်​နာရီိခွဲ​လောက်​ သွားလျှင်​ လူသွားလူလာ သိပ်​မရှိ​သော ကျွန်းငယ်​တစ်​ခုရှိသည်​။ ပင်​လယ်​​ရေနဲ့ ထိ​တွေ့​စေချင်​သည်​မို့ ဒီလို ကျွန်းမျိုးကိုရှာ၍သာ ကူးလူး​စေသည်​။

Chanyeol တစ်​​ယောက်​ ​ရေထဲမှာ ငုတ်​လိုက်​​ပေါ်လိုက်​ ​ဆော့​နေတဲ့ ဝတုတ်​​လေးကို ​သောင်​ပြင်​က​နေထိုင်​ကြည့်​​နေသည်​။ လှုပ်​စိ လှုပ်​စိနဲ့ ​ပျော်​မြူး​နေတဲ့ ​လူတစ်​ပိုင်း ငါးတစ်​ပိုင်း​လေးကိုကြည့်​ကာ ပထမဆုံး စ​တွေ့ခဲ့တဲ့ လွန်​ခဲ့​သော နှစ်​နှစ်​က အချိန်​ကို ပြန်​သတိရမိသည်​။ လမ်း​ပျောက်​​နေလို့ စူပုတ်​ပုတ်​​လေး ထိုင်​ငို​နေတဲ့ က​လေးငယ်​ဟာ သူ့​နောက်​က တ​ကောက်​​ကောက်​ လိုက်​ခဲ့တာမလား။

အရင်​က ရှုခင်းပုံ မြင်​ကွင်းဆန်း​လေး​တွေနဲ့သာ ပြည့်​​နေတဲ့ သူ့ ကင်​မရာထဲမှာလည်း ယခုဆို ဘတ်ခွ​န်းနီးရဲ့ လှုပ်ရှားမှု ပုံရိပ်တို့ သာ ​။ အခုလည်း မှတ်​တမ်းတင်​​နေပြန်​သည်​​လေ။ ဝတုတ်​​လေးကလည်း Chanyeol မြင်​ရမယ့်​ ​ရေတိမ်​ပိုင်းမှာသာ ​ဆော့​နေသည်​။ ချာညိုးစိတ်​ပူ​အောင်​ နည်းနည်း​လေးမှ မလုပ်​​ပေ။

အချိန်​​တွေ ဘယ်​​လောက်​ကြာသွားသည်​မသိ​ပေမယ့်​ ​​ရေသတ္တဝါ​တွေနဲ့ပါ ​ဆော့​နေသည့်​ သူ့က​လေး​လေးကို မျက်​ရည်​​တွေဝဲလျှက်​ သူ ထိုင်​ကြည့်​​နေမိသည်​။

" ​ဘေဘီ့​နေရာအမှန်​ကို ပြန်​ပို့ရ​တော့မလား ​ဘေဘီ...ကိုယ်​ ​ဘေဘီ့ကို ဒုက္ခ​ပေး​နေမိပြီလား ?"

Chubby Baekmaid Where stories live. Discover now