Chubby Baekmaid Part-3

5.4K 843 24
                                    

Chubby Baekmaid

{Part-3}

Mr.Park တို့ ဟိုတယ်အခန်းထဲတွင် ဖြစ်သည်။
ကုတင်ပေါ်မှာ ခြေဆင်းကာ ငုတ်တုတ်လေး ထိုင်နေတဲ့ Baekhyunee လေးကို မိသားစုလေးယောက် ဘာစကားမှမဆိုပဲ ထိုင်ကြည့်နေကြသည်။

သူ့ကို ခပ်တည်တည်နဲ့ စိုက်ကြည့်နေကြတဲ့ သုံးယောက်ကြောင့် Chanyeol ကို ငိုမဲ့မဲ့လေးကြည့်လိုက် လူကြီးသုံးယောက်ကို ခိုးကြည့်လိုက်နှင့်ပင်။

Minseok: " Chanyeol ! ဒါ မင်း ဝှက်ထားတဲ့ ကလေးလား ?"

တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်ကို စတင် ဖြိုခွင်းလိုက်သည်က အစ်ကိုဖြစ်သူ Minseok ။

" ဟာ... အစ်ကိုကလည်း ! ကျွန်တော် အမှိုက်ပုံနားက တွေ့လို့ ခေါ်လာတာပါဆို , "

Mr.Park : " တွေ့လို့ ခေါ်လာရုံနဲ့ မပြီးဘူး သားငယ် ! ဒီကလေး မိဘတွေ ဘယ်လိုခံစားနေရမလဲ ! အခုချိန်ဆို ခေါင်းမီးတောက်နေလောက်ပြီ "

အဖေဖြစ်သူကလည်း ခပ်အေးအေးပင် ကန့်ကွက်လာသည်။

Mrs .Park : " မဖြစ်သေးပါဘူး သားငယ်ရယ်.... တော်ကြာ ကလေးပျောက်တဲ့အမှုနဲ့ ပြသာနာတက်နေပါဦးမယ် , တွေ့တဲ့နေရာမှာပဲ ပြန်သွားထားလိုက်ပါ သားရယ်.... နော် "

အမေဖြစ်သူကလည်း သားရဲ့ တစ်ဇွတ်ထိုးဆန်မှုကို စိုးရိမ်စွာ ကန့်ကွက်ပြန်သည်။

" သူ့မိဘတွေကိုက စွန့်ပစ်လိုက်လို့ အမှိုက်ပုံနား ရောက်နေတာပါ , သူ့ကို ပြန်ပို့ဖို့ ထပ်မပြောကြပါနဲ့တော့.... သူ့ကို လက်မခံနိုင်ရင် ကျွန်တော်လည်း အိမ်မှာ မနေတော့ဘူး "

ပြောပြီးတာနဲ့ ကုတင်နားသွားလိုက်ကာ သူ့ဟာသူ TV remote ယူဆော့နေတဲ့ ဝတုတ်လေးကို မ ချီလိုက်သည်။ ဟိုကလည်း လက်ထဲက remote ကို ချက်ချင်းပစ်ချကာ Chanyeol လည်ပင်းကနေ ပြန်ဖက်ပြီး ခေါင်းလေးပါ ပုခုံးပေါ် မှီထားသေးသည်။

Chanyeol ဆိုတာကလည်း ကလေးလေး ခေါင်းကို ပြန်ပုတ်ပေးရင်း ကိုယ့်အခန်း ကိုယ်ပြန်ဖို့ ပြင်သည်။ ထို့နောက် အနောက်တောင် လှည့်မကြည့်ပါပဲ ....

" ပြန်ကြမယ်ဆို တံခါးခေါက်လိုက်ပါ " ဆိုကာ ခြေလှမ်းကြဲကြဲဖြင့် ထွက်သွားသည်။

Chubby Baekmaid Hikayelerin yaşadığı yer. Şimdi keşfedin