Chubby Baekmaid Part-16

3.4K 641 35
                                    

Chubby Baekmaid

{Part-16}

" ဘတ်ခွန်းနီး အရမ်းမောတာပဲ ကိုကိုရယ် "

သူရှိရာဆီ ပြေးလာရင်း ပြောတဲ့စကားဟာ မောတယ်တဲ့လား ။ စွပ်ကျယ်နဲ့ ဘောင်းဘီဒူးအောက်လေးသာ ဝတ်ပေးထားပေမယ့် ချွေးတွေ ရွှဲနေပြီမို့ Chanyeol ဆက် မဆော့ခိုင်းတော့ပေ။ နဖူးနဲ့ နှာခေါင်းနားက ချွေးလေးတွေကို ပါလာတဲ့ လက်ကိုင်ပုဝါလေးနဲ့ သုတ်ပေးရင်း တဟူးဟူး မှုတ်ပေးလိုက်တော့ ရယ်နေပြန်သည်။

" ဘတ်ခွန်းနီးကို ice-cream ဝယ်ကျွေး ကိုကို "

သူသင်ပေးထားလို့ မူလတန်းအရွယ် တတ်မြောက်သင့်တဲ့ ပညာ တော်တော်များများကို ဘတ်ခွန်းနီး ရေးတတ် ဖတ်တတ်နေပြီ။ စာသင်ပေးနေရင်း အသည်းယားလာတိုင်း တဖွဖွ နမ်းမိတဲ့အခါဆိုလည်း ကလေးငယ်က ရှက်တတ်သေးတာ....
အခုလည်း ice-cream အသံထွက်လေးက ချစ်ဖို့ကောင်းလွန်းလို့ သူ အူမယားပဲ မနေနိုင်အောင်ပင်။

" ဝယ်ကျွေးမှာပေါ့ ဘေဘီရဲ့.... ဒါပေမယ့် အလကားတော့ မရဘူးနော် "

" ပိုက်ဆံပေးမယ်လေ ကိုကို .... ဘတ်ခွန်းနီးမှာ ကိုကိုမင်ဆော့ ပေးထားတဲ့ မုန့်ဖိုးတွေ များကြီး ရှိတာ "

လက်ကပါ ခပ်မြင့်မြင့် မြှောက်ပြီး သူ့မှာ ပိုက်ဆံရှိကြောင်း ကြွားနေတဲ့ ဝတုတ်လေး ။ လက်မြှောက်လိုက်လို့ အင်္ကျီလေး မြောက်တက်သွားတဲ့အခါ ပေါ်လာတဲ့ ဗိုက်ပူပူလေးက မြင်သူ ငုံခဲချင်စရာလေး။

" ပိုက်ဆံ မပေးရပါဘူး.... ကိုကို ဝယ်ကျွေးမှာပေါ့ , အဲ့ဒီအစား ဘေဘီက ကိုကို နမ်းတာ ခံရမှာ "

အနမ်းခံရမယ်လည်း ဆိုရော Chanyeol ကို မော့ကြည့်နေရာက ချက်ချင်း ပါးလေးတွေ ရဲလာတဲ့ ဘတ်ခွန်းနီးလေး.... ရှက်ပြုံးလေး ပြုံးလို့ ရေခဲမုန့်ဆိုင် ရှိရာဆီ ကော့တော့ ကော့တော့နဲ့ ထွက်သွားပြန်သည်။ ပါးစပ်ကနေလည်း...

" ကိုကို byuntae ကြီး " တဲ့လေ....

🧜🏻‍♂️🧜🏻‍♂️🧜🏻‍♂️🧜🏻‍♂️🧜🏻‍♂️🧜🏻‍♂️🧜🏻‍♂️🧜🏻‍♂️🧜🏻‍♂️🧜🏻‍♂️🧜🏻‍♂️🧜🏻‍♂️🧜🏻‍♂️🧜🏻‍♂️

" ဘယ်နှရက်ကြာမလဲ Chanyeol .... ? "

" pre-wedding ဆိုတော့ နှစ်ရက်လောက်နဲ့ ပြီးပါတယ် Hyung ရဲ့...."

Chubby Baekmaid Where stories live. Discover now